စီးရီးအေချန်ပီယံဆုကို စိန်ခေါ်ရန်အတွက် မိမိတို့အသင့်ဖြစ်နေပြီဟု အေစီမီလန်အသင်းနည်းပြ ပီအိုလီ ပြောကြား

စီးရီးအေချန်ပီယံဆုကို စိန်ခေါ်ရန်အတွက် မိမိတို့အသင့်ဖြစ်နေပြီဟု အေစီမီလန်အသင်းနည်းပြ ပီအိုလီ ပြောကြား
Photo: Milan Xtra
Photo: Milan Xtra
Published 26 August 2021

အေစီမီလန်အသင်းနည်းပြ ပီအိုလီက မိမိတို့အသင်းအနေဖြင့် ယခုရာသီတွင် စီးရီးအေချန်ပီယံဆုကို စိန်ခေါ်ရန်အတွက် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

အေစီမီလန်အသင်းသည် ပြီးခဲ့သည့် ၂၀၂၀-၂၁ ရာသီက စီးရီးအေပြိုင်ပွဲတွင် ရမှတ် (၇၉)မှတ်ဖြင့် ရရှိခဲ့ပြီး အဆင့်(၂)နေရာ ရပ်တည်နိုင်ခဲ့သော်လည်း ချန်ပီယံ အင်တာမီလန်အသင်း (၉၁ မှတ်)နှင့် (၁၂)မှတ်အထိ ကွာဟခဲ့သည်။

ထို့ပြင် အေစီမီလန်အသင်းအနေဖြင့် ယခုနွေရာသီတွင် ချာဟာနိုဂလူး၊ ဒွန်နာရမ်မာတို့ကဲ့သို့ အဓိကကစားသမားများကို လက်လွှတ်ခဲ့ရသည်။

သို့သော် ပီအိုလီက ကွင်းအတွင်း ပရိသတ်များ၏အားပေးမှုနှင့်အတူ စိတ်အားတက်ကြွနေပြီး စီးရီးအေချန်ပီယံဆုကို စိန်ခေါ်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ပီအိုလီက ''ကွင်းအတွင်း ပရိသတ်တွေကို ပြန်လည်မြင်တွေ့ခွင့်ရတာ အရမ်းကောင်းပါတယ်။ သူတို့ရဲ့ အားပေးမှုက ကျွန်တော်တို့ကို စိတ်အားတက်ကြွစေပါတယ်။ ကျွန်တော့်အနေနဲ့ ကစားသမားတွေကို ဘာဖြစ်ချင်တယ်ဆိုတာကို သေချာပြောပြ ထားပါတယ်။ ကျွန်တော်ဟာ လွန်ခဲ့တဲ့ (၂)နှစ်ကထက် ပိုပြီးသန်မာလာသလို၊ အေစီမီလန်အသင်းကလည်း ချန်ပီယံဆုတွေကို စိန်ခေါ်ဖို့အတွက် အသင့်ဖြစ်နေပြီလို့ ပြောရမှာပါ။ အသင်းရဲ့ ဟန်ချက်က ပိုညီလာပြီး စွမ်းရည်ပိုကောင်းလာပါပြီ''ဟု ပြောကြားခဲ့သည်။

အေစီမီလန်အသင်း၏နည်းစနစ်ဒါရိုက်တာဖြစ်သူ မာလ်ဒီနီကလည်း အေစီမီလန်အသင်း၏လူစာရင်းမှာ ပြီးခဲ့သည့်ရာသီကထက် ပိုမိုတောင့်တင်းကြောင်း ပြောကြားခဲ့သည်။ 

Most Read

Most Recent