■ ရင်ဘတ်စပွန်ဆာအတွက် ဆော်ဒီတွင် ဂျူဗင်တပ်စ် ရှာဖွေ

■ ရင်ဘတ်စပွန်ဆာအတွက် ဆော်ဒီတွင် ဂျူဗင်တပ်စ် ရှာဖွေ
Photo: Sky Sports
Photo: Sky Sports
Published 22 March 2024

ဂျူဗင်တပ်စ်အသင်းသည် အင်္ကျီရင်ဘတ်စပွန်ဆာအတွက် ဆော်ဒီနိုင်ငံ တွင် ရှာဖွေနေကြောင်း သိရသည်။ 

ဂျူဗင်တပ်စ်အသင်းသည် လက်ရှိအင်္ကျီရင် ဘတ်စပွန်ဆာ Jeep နှင့် ယခုရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ 

ထို့ကြောင့် ဂျူဗက်တပ်စ်အသင်းအနေဖြင့် ယခုကတည်းက ရင်ဘတ်စပွန်ဆာအသစ် ရှာဖွေနေခြင်းဖြစ်ကြောင်း သိရသည်။ 

ဂျူဗင်တပ်စ်အသင်းသည် Jeep နှင့် လက်တွဲရာ၌ တစ်နှစ် ယူရို(၄၅)သန်းရရှိပြီး စပွန်ဆာအသစ်ထံမှ တစ်နှစ်လျှင် အနည်းဆုံးယူရိုသန်း(၅၀)ရရှိရန် မျှော်လင့်နေကြောင်း သိရသည်။