■ မန်စီးတီးအသင်းနှင့် သတင်းထွက်နေသည့် စီရော်နယ်လ်ဒို သင့်လျော်သည့်ကမ်းလှမ်းမှုရှိလာလျှင် အသင်းပြောင်းရွှေ့ဖွယ်ရှိ

■ မန်စီးတီးအသင်းနှင့် သတင်းထွက်နေသည့် စီရော်နယ်လ်ဒို သင့်လျော်သည့်ကမ်းလှမ်းမှုရှိလာလျှင် အသင်းပြောင်းရွှေ့ဖွယ်ရှိ
Published 26 August 2021

ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းနှင့် အပြောင်းအရွှေ့သတင်းများထွက်ပေါ်နေသည့် ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် သင့်လျော်သည့်ကမ်းလှမ်းမှုရှိလာလျှင် သူ၏အနာဂတ်အတွက် အသင်းပြောင်းရွှေ့ရန် ဆန္ဒရှိနေသည်။

စီရော်နယ်လ်ဒိုကို ခေါ်ယူနိုင်သောအင်အားရှိသည့်အသင်းမှာ PSG နှင့် မန်စီးတီးနှစ်သင်းသာရှိပြီး PSG အသင်းသည် ၎င်းအား ခေါ်ယူလိုသည့်စာရင်းတွင် မပါဝင်ကြောင်း သိရသည်။

စီရော်နယ်လ်ဒို၏အေးဂျင့်ဖြစ်သူ မန်ဒက်စ်သည် ဟာရီကိန်းကိုခေါ်ယူရန် အခွင့်အရေးနည်းသွားသည့် မန်စီးတီးနှင့် ဆွေးနွေးလျက်ရှိနေသည်ဟု သတင်းများက ဖော်ပြခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် စီရော်နယ်လ်ဒိုအား ရောင်းချမှုမှ ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်း ရရှိရန် မျှော်လင့်နေသော်လည်း မန်စီးတီးအသင်းအနေဖြင့် မည်သည့်ငွေကြေးမျှ ပေးချေလိုခြင်း မရှိကြောင်း သိရသည်။

စီရော်နယ်လ်ဒိုသည် ဂျူဗင်တပ်စ်အသင်းနှင့် ချုပ်ဆိုထားသည့် စာချုပ်မှာ ၂၀၂၂ ဇွန်လတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး တစ်နှစ်လစာငွေအဖြစ် အသားတင် ယူရို ၃၁ သန်းအထိ ရရှိနေသည်။

မန်စီးတီးအနေဖြင့် စီရော်နယ်လ်ဒိုအား ခေါ်ယူရာတွင် ငွေကြေးပေးချေလိုခြင်းမရှိသော်လည်း နောက်ခံလူ လာပေါ့တ်အား အလိုက်ပေးကမ်းလှမ်းသွားဖွယ်ရှိသည်ဟု သတင်းထွက်ပေါ်နေသည်။

စီရော်နယ်လ်ဒိုသည် သြဂုတ် ၂၅ ရက်က လက်မောင်းဒဏ်ရာရရှိမှုကြောင့် အသင်းလေ့့ကျင့်ခန်းမှ ထွက်ခွာသွားခဲ့ကြောင်းလည်း သိရသည်။

Most Read

Most Recent