ထရာအိုရေးနှင့် နူနိုဆန်တို ပြန်လည်လက်တွဲလို

ထရာအိုရေးနှင့် နူနိုဆန်တို ပြန်လည်လက်တွဲလို
Photo: Getty Images
Photo: Getty Images
Published 24 August 2021

စပါးအသင်း၏ နည်းပြသစ် နူနိုဆန်တိုသည် ဝုလ်ဗ်အသင်းမှ စပိန်တိုက်စစ်မှူး ထရာအိုရေးနှင့် ပြန်လည်လက်တွဲရန် ဆန္ဒရှိနေပြီး အငှားစာချုပ်ဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။

ထရာအိုရေး(၂၅ နှစ်)သည် နူနိုဆန်တို၏ ခေါ်ယူမှုဖြင့် ဝုလ်ဗ်အသင်းသို့ ရောက်ရှိခဲ့သူဖြစ်ပြီး ၂၀၂၃ ခုနှစ်အထိ စာချုပ် ချုပ်ဆိုထားသည်။

သက်တမ်းတိုးနိုင်ရန် အလားအလာမရှိသောကြောင့် ဝုလ်ဗ်အသင်းက ပြန်လည်ရောင်းထုတ်ရန် ရည်ရွယ်ထားပြီး ပြောင်းရွှေ့ကြေးပေါင်သန်း (၄၀)ဟု စျေးနှုန်းသတ်မှတ်ထားကြောင်း သိရသည်။

စပါးအသင်းသည် ၎င်းအတွက် ယခုနွေရာသီတွင် ငွေကြေးသုံးစွဲလိုခြင်းမရှိဘဲ အငှားဖြင့် ဦးစွာခေါ်ယူပြီးမှ အပြီးသတ်ခေါ်ယူရန် စီစဉ်နေကြောင်းလည်း သိရသည်။

Most Read

Most Recent