■ အင်တာမီလန်အတွက် တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးခဲ့သည့် ချာဟာနိုဂလူး မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့

■ အင်တာမီလန်အတွက် တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးခဲ့သည့် ချာဟာနိုဂလူး မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့
Published 23 August 2021

အင်တာမီလန်အသင်း၏ စီးရီးအေအဖွင့်ပွဲစဉ်ဖြစ်သည့် ဂျီနိုအာအသင်းနှင့်ပွဲစဉ်တွင် တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးခဲ့သည့် ကွင်းလယ်လူ ချာဟာနိုဂလူးသည် မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့သည်။

အင်တာမီလန်အသင်းသည် ယင်းပွဲတွင် (၄-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့ရာ ချာဟာနိုဂလူးက အသင်းအတွက် အဖွင့်ဂိုးကို ဖန်တီးပေးပြီး၊ ဒုတိယဂိုးကိုသွင်းယူကာ ပြီးပြည့်စုံသည့် မှတ်တမ်းကောင်းတစ်ခုကို ရရှိခဲ့သည်။

သူသည် ယင်းပွဲတွင် အင်တာမီလန်အသင်းအတွက် ပထမဆုံးအကြိမ် ပွဲဦးထွက်ခဲ့ခြင်းလည်းဖြစ်ရာ ၂၀၀၆ ခုနှစ် က အင်တာမီလန်အသင်းတိုက်စစ်မှူး အီဘရာဟီမိုဗစ်နောက်ပိုင်း အင်တာမီလန်အသင်း၏ အဖွင့်ပွဲတစ်ပွဲတွင် သွင်းဂိုးရော၊ ဖန်တီးမှုပါ ပြုလုပ်နိုင်သည့် ပထမဆုံးကစားသမားဖြစ်လာခဲ့ကြောင်းလည်း သိရှိရသည်။

ထိုအချိန်က အီဘရာဟီမိုဗစ်သည် ဂျီနိုအာ မြို့ခံအသင်းတစ်သင်းဖြစ်သည့် ဆမ်ဒိုးရီးယားဘက်သို့ သွင်းဂိုးနှင့် ဖန်တီးမှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ယခု ချာဟာနိုဂလူးကလည်း ဂျီနိုအာမြို့ခံကလပ် ဂျီနိုအာအသင်းနှင့်ပွဲတွင် စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်ရာ တိုက်ဆိုင်မှုတစ်ခုလည်း ဖြစ်သည်။

ချာဟာနိုဂလူးက ''ကျွန်တော့်ရဲ့ကစားသမားဘဝမှာ စံချိန်မှတ်တမ်းကောင်း အများကြီးမရှိသလို၊ ဒီအတွက်လည်း ကျွန်တော် သိပ်စိတ်မဝင်စားပါဘူး။ ဒါပေမဲ့ အသင်းသစ်နဲ့ ပွဲဦးထွက်မှာ နိုင်ပွဲအတွက် အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်ခွင့်ရခဲ့တာကို တော့ ကျေနပ်မိပါတယ်''ဟု ဆိုခဲ့သည်။

အင်တာမီလန်အသင်း၏ နည်းပြဖြစ်သူ အင်ဇာဂီကလည်း ချာဟာနိုဂလူးနှင့် ဂျက်ကိုတို့သည် အင်တာမီလန်အသင်း၏ ချန်ပီယံကာကွယ်မှုအတွက် အထောက်အကူပြုမည့်ကစားသမားများဖြစ်သည်ဟု ပြောကြားခဲ့သည်။

Most Read

Most Recent