■ တရားမဝင်ပြုလုပ်ထားသော ငွေဒင်္ဂါးများဖြင့် ငွေကြေးခဝါချမှု ပြုလုပ်ခဲ့သည်ဟု မန်ယူကွင်းလယ်လူဟောင်း အန်ဒါဆန် စွပ်စွဲခံနေရ

■ တရားမဝင်ပြုလုပ်ထားသော ငွေဒင်္ဂါးများဖြင့် ငွေကြေးခဝါချမှု ပြုလုပ်ခဲ့သည်ဟု မန်ယူကွင်းလယ်လူဟောင်း အန်ဒါဆန် စွပ်စွဲခံနေရ
Published 23 August 2021

မန်ယူအသင်း၏ ကွင်းလယ်လူဟောင်းတစ်ဦးဖြစ်သူ ဘရာဇီးလ်လက်ရွေးစင်ကစားသမားဟောင်း အန်ဒါဆန် (၃၃နှစ်)သည် တရားမဝင်ပြုလုပ်ထားသော ငွေဒင်္ဂါးများဖြင့် ငွေကြေးခဝါချမှု ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံနေရကြောင်း သိရှိရသည်။

မန်ယူအသင်းတွင် ၂၀၀၇ မှ ၂၀၁၅ အထိ (၈)နှစ်ကြာ ကစားခဲ့ပြီး ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲ (၈)ပွဲ ကစားပေးခဲ့သူ အန်ဒါဆန်သည် အခြားလူပုဂ္ဂိုလ် (၇)ဦးနှင့်အတူ ဘရာဇီးလ်ငွေကြေး  ရီယာ(၃၅)သန်းအား ငွေကြေးခဝါချမှု ပြုလုပ်ခဲ့ကြောင်း စွပ်စွဲခံနေရခြင်းဖြစ်သည်။

ယင်းငွေကြေးမှာ ပေါင် (၄.၇ )သန်းခန့် တန်ကြေးရှိပြီး စတော့အိတ်ချိန်းတွင် ရင်းနှီးမြှုပ်နှံထားသော ငွေကြေးများဖြစ်ကြောင်း သိရသည်။

ဘရာဇီးလ်နာမည်ကြီးသတင်းစာ Globo က ငွေကြေးခဝါချမှုပြုလုပ်ခဲ့သော လူပုဂ္ဂိုလ် (၈)ဦး၏ အမည်စာရင်းများအား ဖော်ထုတ်ခဲ့ရာ ယင်းထဲတွင် အန်ဒါဆန်လည်း ပါဝင်လာခြင်းဖြစ်သည်။

ယင်းအမှုနှင့်ပတ်သက်၍ ဘရာဇီးလ်စုံစမ်းစစ်ဆေးရေးတာဝန်ရှိသူများသည် ဘရာဇီးလ်မြို့ကြီးတစ် မြို့ဖြစ်သော ပေါ်တိုအလီဂရီတွင် ပြီးခဲ့သည့်တစ်နှစ်အတွင်း ရှာဖွေသိမ်းဆည်းမှုနှင့် ဖမ်းဆီးမှုစုစုပေါင်း (၂၃)ကြိမ်ပြုလုပ်ခဲ့သည်။

ယင်းထဲတွင် အန်ဒါဆန်၏ တိုက်ခန်းလည်း ပါဝင်ခဲ့ကြောင်း သိရှိရသည်။

အန်ဒါဆန်က မိမိပိုင်ဆိုင်သောကုမ္ပဏီအနေဖြင့် ငွေဒင်္ဂါးပြားများကို ရောင်းချခဲ့ဖူးသည်ဟု ဝန်ခံခဲ့သော်လည်း ယင်းဒင်္ဂါးပြားများမှာ တရားမဝင်ကြောင်းကို မိမိ မသိရှိခဲ့ဟု ပြောကြားခဲ့သည်။

Most Read

Most Recent