ဒရက်ဇ်လာ၊ ဆာရာဘီယာ အပါအဝင် အသင်းကစားသမား (၅)ဦး ရောင်းထုတ်ရန် PSG အသင်း စီစဉ်

ဒရက်ဇ်လာ၊ ဆာရာဘီယာ အပါအဝင် အသင်းကစားသမား (၅)ဦး ရောင်းထုတ်ရန် PSG အသင်း စီစဉ်
Photo: Getty Images
Photo: Getty Images
Published 19 August 2021

ပြင်သစ်ထိပ်သီး PSG အသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့စျေးကွက်မပိတ်မီ ဒရက်ဇ်လာ၊ ဆာရာဘီယာတို့အပါအဝင် အသင်းကစားသမား (၅)ဦးကို ရောင်းထုတ် ရန်စီစဉ်နေကြောင်း သိရှိရသည်။

PSG အသင်းသည် ယခုနွေရာသီတွင် ဒီယာလို၊ ဟာကီမီ၊ ဝိုင်နယ်လ်ဒမ်း၊ ရာမို့စ်၊ ဒွန်နာရမ်မာ၊ မက်ဆီ စသည့် ထိပ်တန်းကစားသမားများကို ခေါ်ယူထားသော်လည်း ပြောင်းရွှေ့ကြေး ယူရို (၇၆)သန်းသာ ကုန်ကျခဲ့သည်။

သို့သော် ကစားသမားများကို လစာပေးချေရာတွင် UEFA ၏ဘဏ္ဍာရေးသာတူညီမျှစည်းမျဉ်းနှင့်ကိုက်ညီရန်အတွက် အသင်းကစားသမားအချို့ကို ရောင်းထုတ်ရန် စီစဉ်လာခြင်းဖြစ်သည်။

PSG အသင်း ရောင်းထုတ်လိုသည့်ကစားသမားများမှာ ကွင်းလယ်ကစားသမားများဖြစ်သည့် ဒရက်ဇ်လာနှင့် ရာဖင်ညာ၊ တောင်ပံကစားသမား ဆာရာဘီယာ၊ နောက်ခံလူများ ဖြစ်သည့် ကယ်ဟာနှင့် ကာဇာဝါတို့ဖြစ်ကြောင်း သိရှိရသည်။

PSG အသင်းသည် အဆိုပါ ကစားသမား (၅)ဦးကို ရောင်းချရာမှ ယူရိုသန်း (၁၀၀) ရရှိရန် မျှော်လင့်နေကြောင်းလည်း သိရှိရသည်။ 

Most Read

Most Recent