ဝုလ်ဗ်နှင့်ကစားမည့်ပွဲတွင် ဟာရီကိန်း ပါဝင်ရန်မသေချာဟု နူနိုဆန်တို ဆို

ဝုလ်ဗ်နှင့်ကစားမည့်ပွဲတွင် ဟာရီကိန်း ပါဝင်ရန်မသေချာဟု နူနိုဆန်တို ဆို
Photo: The Sun
Photo: The Sun
Published 19 August 2021

စပါးနည်းပြ နူနိုဆန်တိုက ဝုလ်ဗ်အသင်းနှင့်ကစားမည့်ပွဲတွင် ဟာရီကိန်း ပါဝင်ကစားရန် မသေချာသေးကြောင်း ပြောကြားခဲ့သည်။

ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် မန်စီးတီးအသင်း၏ ခေါ်ယူရန်ပစ်မှတ်ထားခြင်းကို ခံနေရသည့် ဟာရီကိန်းသည် စပါးအသင်းတွင် လေ့ကျင့်ခန်းပြန်လည်ပြုလုပ်နေပြီဖြစ်သော်လည်း ပွဲကစားခွင့်ရရန် စောင့်ဆိုင်းနေရဆဲဖြစ်သည်။

ဟာရီကိန်းသည် မန်စီးတီးအသင်းနှင့် ပရီးမီးယားလိဂ်အဖွင့်ပွဲကိုလွဲချော်ခဲ့သလို၊ ပါကို့စ်ဖရဲရားအသင်းနှင့် ကစားခဲ့သည့် ယူရိုပါကွန်းဖရန့်လိဂ်ပွဲစဉ်တွင်လည်း ပါဝင်ခဲ့ခြင်းမရှိပေ။

သြဂုတ်လ (၁၈)ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက တနင်္ဂနွေနေ့တွင် ကစားမည့် ဝုလ်ဗ်အသင်းနှင့်ပွဲတွင် ဟာရီကိန်းပါဝင်မည်လားဟု မေးမြန်းခဲ့ရာ နူနိုဆန်တိုက ''ဒီမေးခွန်းကို ကျွန်တော် မဖြေနိုင်သေးပါဘူး။ သူဟာ သောကြာနေ့မှာမှ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းမှာပါ။ သူ့အနေနဲ့ တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဝုလ်ဗ်နဲ့ပွဲမှာ ပါနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent