မိမိကို တိုက်ခိုက်ရန် ဂတ်စ်ပါရီနီ ကြိုးစားခဲ့ဟု ပါပူဂိုးမက်ဇ် ဖွင့်ဟ

မိမိကို တိုက်ခိုက်ရန် ဂတ်စ်ပါရီနီ ကြိုးစားခဲ့ဟု ပါပူဂိုးမက်ဇ် ဖွင့်ဟ
Photo: football-italia
Photo: football-italia
Published 19 August 2021

ဆီဗီလာကွင်းလယ်လူ ပါပူဂိုးမက်ဇ်က အတ္တလန်တာအသင်းတွင် ကစားစဉ်က အသင်းနည်းပြ ဂတ်စ်ပါရီနီသည် ၎င်းကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ရန် ကြိုးစားခဲ့သည်ဟု ဖွင့်ဟပြောကြားခဲ့သည်။

ယခုနှစ် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဆီဗီလာအသင်းသို့ ပြောင်းရွှေ့လာသူ ပါပူဂိုးမက်ဇ်က အတ္တလန်တာအသင်းတွင် ဖြစ်ပွားခဲ့သည့်ပြဿနာကို ပထမဆုံးအကြိမ် ဖွင့်ဟခဲ့ခြင်းလည်းဖြစ်သည်။

ပါပူဂိုးမက်ဇ်က ''မစ်ဂျီလန်းနဲ့ ကစားတဲ့ ချန်ပီယံလိဂ်ပွဲ ပထမပိုင်းပြီးဖို့ (၁၀) မိနစ်အလိုမှာ ဂတ်စ်ပါရီနီက ကျွန်တော့်ကို ညာတောင်ပံပြောင်းကစားခိုင်းပါတယ်။ ဘယ်တောင်ပံမှာ ခြေစွမ်းပြနေတာကြောင့် သူညွှန်ကြားချက်ကို ကျွန်တော် မလိုက်နာခဲ့ပါဘူး။ ပထမပိုင်းပြီးတော့ အဝတ်လဲခန်းထဲမှာ ဂတ်စ်ပါရီနီဟာ ဒေါသပေါက်ကွဲခဲ့ပြီး ကျွန်တော့်ကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါက လက်ခံနိုင်စရာ မရှိပါဘူး။ အသင်းဥက္ကဋ္ဌကို တိုင်ခဲ့ပေမဲ့ ဂတ်စ်ပါရီနီက အဲဒီလုပ်ရပ်အတွက် ကျွန်တော့်ကို တောင်းပန်ခဲ့ခြင်းမရှိပါဘူး''ဟု ဆိုခဲ့သည်။ 

Most Read

Most Recent