■ ရီးယဲလ်နှင့်သတင်းများကို ငြင်းဆန်ပြီး အပြောင်းအရွှေ့ကောလာဟလများကို စီရော်နယ်လ်ဒို ဒေါသတတြီးတုံ့ပြန်

■ ရီးယဲလ်နှင့်သတင်းများကို ငြင်းဆန်ပြီး အပြောင်းအရွှေ့ကောလာဟလများကို စီရော်နယ်လ်ဒို ဒေါသတတြီးတုံ့ပြန်
Photos : Gettyimages
Photos : Gettyimages
Published 19 August 2021

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် အသင်းဟောင်း ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိသည်ဟူသော သတင်းများကို ငြင်းဆန်ခဲ့ပြီး  အပြောင်းအရွှေ့ကောလာဟလများကို ဒေါသတကြီးတုံ့ပြန်ခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီက စီရော်နယ်လ်ဒိုကို ခေါ်ယူမည်မဟုတ်ကြောင်း တရားဝင်ပြောကြားပြီးနောက် စီရော်နယ်လ်ဒိုက လူမှုကွန်ရက်များမှတစ်ဆင့် ကြေညာချက်ထုတ်ပြန်ကာ ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

''ကျွန်တော့်အလုပ်အပေါ် ကျွန်တော် ဘယ်လောက်အာရုံစိုက်သလဲဆိုတာ ဘယ်သူမဆို သိပါတယ်။ စကားနည်းနည်းပြောပြီး များများလုပ်တာပါ။ ဒါဟာ ကစားသမားဘဝအစကတည်းက လိုက်နာခဲ့တဲ့ ဆောင်ပုဒ်ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အခု ရေးနေ၊ ပြောနေကြတာတွေကို ကျွန်တော့်အနေနဲ့ ရှင်းပြဖို့ လိုလာပါပြီ။ လူသားတစ်ဦး၊ ကစားသမားတစ်ဦးဖြစ်တဲ့ ကျွန်တော့်အတွက် အခုသတင်းတွေက ရိုင်းပျတာထက်တောင် ပိုပါတယ်။ ကျွန်တော့်ရဲ့အနာဂတ်ဟာ မီဒီယာမှာ အပျော်အပြက်ပုံစံနဲ့ သတင်းရေးခံ လိုက်ရတယ်။ ဒါဟာ ဒီကောလာဟလမှာ ပါဝင်တဲ့ ကလပ်အသင်းတွေ၊ ကစားသမားတွေ နဲ့ ဝန်ထမ်းတွေအားလုံးကို မလေးမစားလုပ်တာပါပဲ။ ရီးယဲလ်အသင်းမှာ ကျွန်တော့်ရဲ့သမိုင်းက ရေးသားခဲ့ပြီးဖြစ်သလို၊ မှတ်တမ်းလည်း တင်နိုင်ခဲ့ပါတယ်။ ဘာနေဗျူးကွင်းက ပြတိုက်မှာရော၊ ကလပ်အသင်းပရိသတ်တိုင်းရဲ့ စိတ်ထဲမှာပါ ရှိနေပါတယ်။ နှုတ်ဆိတ်နေတာကို ရပ်တန့်ပြီး ပြောရတာက ကျွန်တော့်ရဲ့အမည်ကို တလွဲအသုံးချနေတာ ခွင့်မပြုနိုင်ပါဘူးဆိုတာပါပဲ''ဟု စီရော်နယ်လ်ဒိုက သူ၏ထုတ်ပြန်ချက်တွင် ရေးသားခဲ့သည်။

စီရော်နယ်လ်ဒိုသည် ဂျူဗင်တပ်စ်အသင်းနှင့် ချုပ်ဆိုထားသည့်စာချုပ်မှာ လာမည့် ၂၀၂၂ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

၎င်းကို ခေါ်ယူမည့်စာရင်းတွင် PSG၊ မန်စီးတီး၊ ရီး ယဲလ်မက်ဒရစ်နှင့် မန်ယူအသင်းများပါဝင်ကာ ပြီးခဲ့သည့်ရက်ပိုင်းက သတင်းအမျိုးမျိုး ထွက်ခဲ့ကြသည်။

Most Read

Most Recent