ပေါ့ဘာနှင့်ပေါင်သန်း (၅၀)တန်အလောင်းအစား

ပေါ့ဘာနှင့်ပေါင်သန်း (၅၀)တန်အလောင်းအစား
Photos: AFP
Photos: AFP
Published 18 August 2021

ပေါင်သန်း(၅၀)ဆိုတဲ့ ပြောင်းရွှေ့ကြေးက ဒီနေ့ခေတ်ဘောလုံးလောကမှာ ဒုတိယတန်းစား ဒါမှမဟုတ် လူငယ်ကစားသမားတစ်ယောက်ကို သာ ရရှိနိုင်တဲ့ ငွေကြေးပမာဏပါ။ ကပ်ဘေး ကြောင့် ထိပ်သီးအသင်းကြီးတွေတောင် အရင် လို ငွေမသုံးနိုင်ဘူးဆိုပေမဲ့ သုံးနိုင်တဲ့အသင်းတွေ လည်း ရှိနေတာပါပဲ။ မန်စီးတီးက ဂရီးလစ်ရှ်ကို ပေါင်သန်း(၁၀၀)နဲ့ ခေါ်ယူခဲ့တာ၊ ချယ်လ်ဆီးက လူကာကူကို ပေါင်(၉၇ .၅)သန်းနဲ့ ခေါ်ယူခဲ့တာ တွေက သက်သေပါပဲ။ ဒါကြောင့် ပေါင်သန်း (၅၀)လောက်နဲ့ရမယ့် ပေါ့ဘာကို ခေါ်ယူချင်တဲ့ အသင်းတွေ အများကြီးရှိနိုင်ပါတယ်။ နောက် တစ်နှစ်စောင့်လိုက်ရင် ပြောင်းရွှေ့ကြေးအလွတ် နဲ့ ရရှိနိုင်တယ်ဆိုပေမဲ့ အဲဒီအခြေအနေရောက် ရင် အပြိုင်အဆိုင်ခေါ်ယူဖို့က ပိုခက်ခဲသွားနိုင် ပါတယ်။ ဒါကြောင့် PSG အသင်းက မက်ဆီ ကို ခေါ်ယူခဲ့ခြင်းအတွက် အသုံးစရိတ်အများကြီး မြင့်တက်သွားခဲ့ပေမဲ့ ပေါ့ဘာကို ခေါ်ယူဖို့ ရည် ရွယ်နေဆဲဖြစ်တယ်လို့လည်း သတင်းထွက်နေပါ တယ်။ ရီးယဲလ်နဲ့ ဂျူဗင်တပ်စ်တို့ကလည်း မန်ယူ အသင်း တကယ်ရောင်းထုတ်မှာလားဆိုတဲ့ အ ခြေအနေကို စောင့်ကြည့်နေပုံမျိုးဖြစ်နိုင်ပါတယ်။ တစ်ခုရှိတာကတော့ ပေါ့ဘာရဲ့ လစာနှုန်းထားက မြင့်မားလွန်းနေတာပါ။ ပေါ့ဘာက လက်ရှိမန်ယူ အသင်းမှာ တစ်ပတ် ပေါင်(၂၉၀၀၀၀) ရရှိနေသူ ဖြစ်သလို၊ မန်ယူအသင်းရဲ့ တစ်ပတ် ပေါင် (၃၅၀၀၀၀)တန် ကမ်းလှမ်းမှုကိုတောင် ငြင်းပယ် ထားသူပါ။ ဒီတော့ အသင်းသစ်ကို ပြောင်းရွှေ့ မယ်ဆိုရင် အနည်းဆုံး ပေါင်(၃)သိန်းလောက်ရ မှ လက်ခံမယ့်အလားအလာရှိပါတယ်။ ဒါပေမဲ့ ခေါ်ယူချင်တဲ့ အသင်းတွေဘက်က ပြန်တွက်ရင် ပြောင်းရွှေ့ကြေးသက်သက်သာသာနဲ့ ရရှိမှာဖြစ် လို့ လစာပိုပေးရတာက ပြဿနာမရှိနိုင်ပါဘူး။