■ လူကာကူကို ချယ်လ်ဆီး ဘာကြောင့် ပြန်ခေါ်ချင်ခဲ့သလဲ . . .

■ လူကာကူကို ချယ်လ်ဆီး ဘာကြောင့် ပြန်ခေါ်ချင်ခဲ့သလဲ . . .
Photos : Chelsea FC
Photos : Chelsea FC
Published 16 August 2021

◘ ဒုတိယ ဦးစားပေး - ချယ်လ်ဆီးအသင်းသည် လူကာကူအတွက် ပေါင် သန်း (၁၀၀)နီးပါး အသုံးပြုခဲ့သော်လည်း အဓိကပစ်မှတ်ကစားသမား မဟုတ်ခဲ့ချေ။ ဟော်လန်းက ဦးစားပေးပစ်မှတ်ဖြစ်ခဲ့သော်လည်း မန်ယူအသင်းက ဆန်ချိုကို ခေါ်ယူခဲ့ပြီးနောက် ဒေါ့မွန်အသင်းက ဟော်လန်းကိုဆက်ထိန်းရန် ဆုံးဖြတ်ခဲ့သဖြင့် လူကာကူကို ပစ်မှတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။

◘ အမြင့်ဘောစွမ်းရည် - ချယ်လ်ဆီးအသင်းနည်းပြ တူဟယ်လ်က ဒုတိယဦးစားပေးအဖြစ် သတ်မှတ်ခံရသော်လည်း လူကာကူသည် ဟော်လန်းနှင့် အသွင်မတူသည့် တိုက်စစ်မှူးဖြစ်ပြီး အရည်အသွေးကောင်းတစ်မျိုးစီ ပိုင်ဆိုင်ထားသူအဖြစ် သုံးသပ်ထားသည်။ လူကာကူ၏အမြင့်ဘောစွမ်းရည်က ဟော်လန်းထက်ပိုကောင်းသည်ဟုလည်း ယုံကြည်နေသည်။

◘ တိုက်စစ်ပြဿနာ - ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်ရာသီက ချန်ပီယံလိဂ်ဖလားရခဲ့ပြီး၊ ပရီးမီးယားလိဂ်တွင်လည်း ထိပ်ဆုံး (၄)သင်းထဲဝင်ခဲ့သည်။ သို့ရာတွင် တိုက်စစ်အား  သိသိသာသာလျော့နည်းခဲ့ပြီး (၃၈) ပွဲတွင် (၅၈) ဂိုးသာ သွင်းယူနိုင်ခဲ့သဖြင့် တိုက်စစ်ပိုင်းပြဿနာကို ဖြေရှင်းရန် လူကာကူကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent