ပြင်သစ်လီဂူးပွဲစဉ် (၂) ပွဲကြိုသုံးသပ်ချက်

ပြင်သစ်လီဂူးပွဲစဉ် (၂) ပွဲကြိုသုံးသပ်ချက်
Photo: PSG Twitter
Photo: PSG Twitter
Published 14 August 2021

လိုင်လီ - နိုက်စ် (မြန်မာစံတော်ချိန် သြဂုတ်လ ၁၄ ရက် ည ၉:၃၀ နာရီ)

အဖွင့်ပွဲစဉ်မှာ မက်ဇ်ကို နောက်ကျချေပဂိုးတွေနဲ့ သရေရအောင် အားကုန်ထုတ်ခဲ့ရတဲ့ ချန်ပီယံလိုင်လီတို့ အခုအိမ်ကွင်းပွဲမှာတော့ မျက်နှာပျက်ခံမယ်မထင်ပါဘူး။ နိုက်စ်က အဝေးကွင်းကစားပုံအားနည်းပြီး တိုက်စစ်ကလည်း အားရစရာမရှိပါဘူး။ အိမ်ကွင်းမှာ လိုင်လီတို့ နိုင်ပွဲယူလိမ့်မယ်။

 

PSG - စထရာဘိုး (မြန်မာစံတော်ချိန် သြဂုတ်လ ၁၅ ရက် နံနက် ၁:၃၀ နာရီ)

လီဂူးနဲ့ PSG ပရိသတ်တွေအတွက်တော့ ရင်ခုန်စရာ ပွဲစဉ်ပါပဲ။ ဒီပွဲမှာ လီယွန်နယ်မက်ဆီ ကစားခွင့်ရမလားဆိုတာ လည်း စောင့်ကြည့်ရပါမယ်။ PSG က အဖွင့်ပွဲစဉ်မှာ တန်းတက် ထရွိုင်စ်ကို ခက်ခက်ခဲခဲကစားခဲ့ရတယ်ဆိုပေမဲ့ အခုလို အိမ် ကွင်းအဖွင့်ပွဲမျိုးမှာတော့ ပြတ်သားတဲ့အနိုင်ရလဒ်နဲ့ပဲ ပရိ သတ်ကို ကျေနပ်စေဖို့ပဲ တွေးထားမှာပါ။ ဒါ့အပြင် ဒီပွဲမှာ PSG အသင်း အဓိကကစားသမားတွေနဲ့ လူပိုစုံလာဖို့ရှိပြီး မက်ဆီ ပူးပေါင်းခြင်းရဲ့ သက်ရောက်မှုကလည်း ကစားသမားတွေအပေါ် ယုံကြည်မှုမြင့်မားစေနိုင်ပါတယ်။ စထရာဘိုးကတော့ အဖွင့်ပွဲမှာ အိမ်ကွင်းဂိုးပြတ်အရှုံးနဲ့ ဇယားအောက်ဆုံးမှာ ရောက် နေတယ်။ အခုလည်း ပါရီမြေမှာ စထရာဘိုးအတွက် မျှော်လင့် ချက် တစ်စုံတစ်ရာရှိမယ်မထင်ပါဘူး။ PSG တို့ အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ကစားပါလိမ့်မယ်။

Most Read

Most Recent