ဘွန်ဒစ်လီဂါပွဲစဉ် (၁)  ပွဲကြိုသုံးသပ်ချက် 

ဘွန်ဒစ်လီဂါပွဲစဉ် (၁)  ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 14 August 2021

ဝုလ်ဖ်ဘတ် - ဘိုဟုမ် (မြန်မာစံတော်ချိန် သြဂုတ်လ ၁၄ ရက် ည ၈:၀၀ နာရီ)

ဘွန်ဒစ်လီဂါ-၂ချန်ပီယံ ဘိုဟုမ်အသင်းရဲ့ရုန်းအား ဘယ်လောက်ရှိမလဲ စောင့်ကြည့်ချင်စရာပါ။ ဒါပေမဲ့ ဝုလ်ဖ်ဘတ်နဲ့ ယှဉ်ရင်တော့ အရာရာခြားနားလွန်းနေလို့ အိမ်ရှင် အနိုင်သေချာပါတယ်။

 

အူန်ယွန်းဘာလင် - လေဗာကူဆင် (မြန်မာစံတော်ချိန် သြဂုတ်လ ၁၄ ရက် ည ၈:၀၀ နာရီ)

လေဗာကူဆင်ခံစစ်ပိုင်း အပြောင်းအလဲများခဲ့လို့ ချက်ချင်းအထိုင်ကျဖို့ မလွယ်လောက်ဘူး။ အူန်ယွန်းဘာလင် အမှတ်မျှော်လင့်လို့ရတယ်။

 

စတုဂတ် - ဖရိုင်သာဖက်သ် (မြန်မာစံတော်ချိန် သြဂုတ်လ ၁၄ ရက် ည ၈:၀၀ နာရီ)

စတုဂတ်အသင်းမှာ နီကိုးလက်စ်ဂွန်ဇာလက်ဇ်၊ ခိုဘယ်လ်တို့လို အမာခံတွေကို လက်လွှတ်ထားရတယ်။ ဒါပေမဲ့ အဖွင့်ပွဲဖြစ်လို့ စတုဂတ် အနိုင်ကစားမှာပါ။

 

အော့စ်ဘတ် - ဟော်ဖန်ဟင်မ် (မြန်မာစံတော်ချိန် သြဂုတ်လ ၁၄ ရက် ည ၈:၀၀ နာရီ)

ရာသီသစ်အတွက် အားဖြည့်ပြင်ဆင်မှုတွေမှာ ဒီနှစ်သင်းအကြား ကွာဟချက်သိပ်မရှိပါဘူး။ သရေကျဖို့များလို့ အော့စ် ဘတ်ကို ပိုကြိုက်တယ်။

 

အာမီးနီးယား - ဖရိုင်းဘတ် (မြန်မာစံတော်ချိန် သြဂုတ်လ ၁၄ ရက် ည ၈:၀၀ နာရီ)

ဖရိုင်းဘတ်က ပိုကောင်းတဲ့အသင်းဖြစ်ပေမဲ့ အိမ်ကွင်းအဖွင့်ပွဲမှာ အာမီးနီးယားအသင်း အားကုန်ရုန်းလိမ့်မယ်။ အိမ်ရှင် မရှုံးလောက်ဘူးထင်တယ်။

 

ဒေါ့မွန် - ဖရန့်ဖတ် (မြန်မာစံတော်ချိန် သြဂုတ်လ ၁၄ ရက် ည ၁၁:၀၀ နာရီ)

ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်းက ပြီးခဲ့တဲ့ဂျာမန်ဖလား ပွဲမှာ ဟက်ထရစ်သွင်းပြီး အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ(၆၀)မှာ ဂိုး(၆၀)အထိ သွင်းယူထားနိုင်ခဲ့တယ်။ ဒီမှတ်တမ်းကောင်းကို ရှေ့ဆက်နိုင်ဖို့အတွက် ဟော်လန်းရဲ့အားထုတ်မှုက အခုပွဲအ ပေါ် သက်ရောက်မှုကြီးမားနိုင်တယ်။ ဖရန့်ဖတ်မှာတော့ အန်ဒ ရေဆေးလ်ဗားထွက်သွားတဲ့နေရာမှာ ချက်ချင်းအစားထိုးနိုင် ဖို့ မလွယ်လောက်သေးဘူး။ တိုက်စစ်ပိုင်းအတွက် ဆန်းတို့စ် ဘော်ရေး၊ ဟာအူဂျယ်တို့ကို အားဖြည့်ထားပြီး No.9 Role မရှိတဲ့ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ စိတ်ဝင်စားစရာပါ။ ဒေါ့မွန်ကိုပဲ ရွေးချယ်ချင်တယ်။

Most Read

Most Recent