ဂိုးသွင်းပြီးပါက ကစားသမားများပွေ့ဖက်၍ အောင်ပွဲခံရန် ပရီးမီးယားလိဂ်တာဝန်ရှိသူများ တရားဝင်ပြန်လည်ခွင့်ပြု

ဂိုးသွင်းပြီးပါက ကစားသမားများပွေ့ဖက်၍ အောင်ပွဲခံရန် ပရီးမီးယားလိဂ်တာဝန်ရှိသူများ တရားဝင်ပြန်လည်ခွင့်ပြု
Photo: The Times
Photo: The Times
Published 12 August 2021

ပရီးမီးယားလိဂ်အဖွဲ့ချုပ် တာဝန်ရှိသူများသည် လာမည့် ၂၀၂၁-၂၂ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ကစားသမားများ ဂိုးသွင်းပြီးပါက ပွေ့ဖက်အောင်ပွဲခံခြင်းကို တရားဝင် ပြန်လည်ခွင့်ပြုချက်ပေးခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့်ရာသီများက ကိုရိုနာဗိုင်းရပ်စ်ခြိမ်းခြောက်မှုများကြောင့် ပွဲစဉ်တော်တော်များများကို ကွင်းပိတ်ကစားခဲ့ရသလို၊ ကစားသမားများကိုလည်း ကွင်းအတွင်း၌ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး လုပ်ထုံးလုပ်နည်းများအား လိုက်နာရန် တာဝန်ရှိသူများက သတိပေးခဲ့သည်။

ယင်းသတိပေးချက်များထဲတွင် ကစားသမားများအနေဖြင့် ဂိုးသွင်းပြီးပါက ပွေ့ဖက်အောင်ပွဲခံခြင်းကို မပြုလုပ်ဘဲ လက်ဖြင့်ထိ၍နှုတ်ဆက်ခြင်းကိုသာ ပြုလုပ်ရန် ပါရှိခဲ့သည်။

သို့သော် အချို့သောပွဲစဉ်များတွင် ကစားသမားအချို့အနေဖြင့် ယင်းစည်းမျဉ်းအား လိုက်နာခြင်းမရှိဘဲ တစ်ဦးနှင့်တစ်ဦးပွေ့ဖက်မှုများရှိခဲ့သလို၊ ပွဲအပြီး နှစ်ဖက်ကစားသမားများ နှုတ်ဆက်ရာတွင်လည်း တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်မှုများရှိခဲ့သည်။

ယခုအခါပရီးမီးယားလိဂ်အဖွဲ့ချုပ်၏အမှုဆောင်ချုပ်ဖြစ်သူ ရစ်ချတ်မာစတာစ်က ပရီးမီးယားလိဂ်အသင်းများထံ လာမည့်ရာသီတွင် လိုက်နာရမည့် စည်းမျဉ်းသတ်မှတ်ချက်များအား ပေးပို့ခဲ့ပြီး ယင်းထဲတွင် ကစားသမားများ ပွေ့ဖက်အောင်ပွဲခံခြင်း၊ လက်ဖြင့်ရိုက်၍ (High Five) အောင်ပွဲခံခြင်းများကို ခွင့်ပြုချက်ပေးထားကြောင်း သိရှိရသည်။

Most Read

Most Recent