ခွန်ဒဲအတွက် ချယ်လ်ဆီးထံမှ ကမ်းလှမ်းမှုအသစ် ရရှိရန် ဆီဗီလာ မျှော်လင့်

ခွန်ဒဲအတွက် ချယ်လ်ဆီးထံမှ ကမ်းလှမ်းမှုအသစ် ရရှိရန် ဆီဗီလာ မျှော်လင့်
Photo: Getty Images
Photo: Getty Images
Published 11 August 2021

 

ဆီဗီလာအသင်းသည် နောက်ခံလူ ခွန်ဒဲအတွက် ချယ်လ်ဆီးအသင်းထံမှ ကမ်းလှမ်းမှုအသစ် ရရှိရန် မျှော်လင့်နေ ကြောင်း သိရသည်။ 

ချယ်လ်ဆီးအသင်းသည် ခွန်ဒဲ(၂၂ နှစ်)အတွက် ဇူးမားနှင့် ယူရို(၃၅)သန်း အလိုက်ပေးကမ်းလှမ်းခဲ့ သော်လည်း ဆီဗီလာအသင်းက ငြင်းဆန်ခဲ့ပြီး ယူရို(၄၅)သန်းအထိ အလိုရှိနေကြောင်း သိရသည်။ 

ယခုအခါ ချယ်လ်ဆီး အသင်းက လူကာကူအတွက် ပြောင်းရွှေ့ကြေးများစွာ သုံးစွဲရမည်ဖြစ်သောကြောင့် ခွန်ဒဲအတွက် ထပ်မံကမ်းလှမ်းခြင်းမပြုတော့မည်ကို ဆီဗီလာအသင်းက စိုးရိမ်နေကြောင်းလည်း သိရသည်။

Most Read

Most Recent