ယူအက်စ်အိုးပင်းချန်ပီယံဆုကို အိုလံပစ်ရွှေတံဆိပ်ဆုရှင် ဂျာမန်တင်းနစ်သမား ဇီဗာရက်ဗ် ပစ်မှတ်ထား

ယူအက်စ်အိုးပင်းချန်ပီယံဆုကို အိုလံပစ်ရွှေတံဆိပ်ဆုရှင် ဂျာမန်တင်းနစ်သမား ဇီဗာရက်ဗ် ပစ်မှတ်ထား
Photo: Getty Images
Photo: Getty Images
Published 8 August 2021

 

အိုလံပစ်ရွှေတံဆိပ်ဆုကို ပူပူနွေးနွေးရရှိထားသည့် ဂျာမန်တင်းနစ်သမား ဇီဗာရက်ဗ်က ယခုလနှောင်းပိုင်း၌ စတင်ကျင်းပမည့် ယူအက်စ် အိုးပင်းပြိုင်ပွဲတွင် ပထမဆုံးဂရင်းစလင်းဆုဖလား ဆွတ်ခူးနိုင်ရန် ရည်မှန်းချက်ထားနေကြောင်း သိရသည်။

အသက်(၂၄)နှစ်အရွယ်ရှိပြီ ဖြစ်သူ ဇီဗာရက်ဗ်သည် အိုလံပစ်ရွှေ ဆု ဆွတ်ခူးအပြီး (၂)ရက်အကြာတွင် မိခင်နိုင်ငံ ဂျာမနီသို့ ပြန်လည်ရောက်ရှိလာပြီး သူ့အား သူရဲကောင်းတစ်ဦး ကဲ့သို့ ကြိုဆိုခဲ့ကြသည်။ 

"အခုချိန် မှာတော့ ရက်အနည်းငယ်လောက် ပျော်ပျော်ပဲ အပန်းဖြေချင်ပါတယ်။ အဲဒီနောက်မှာတော့ ယူအက်စ်အိုးပင်းပြိုင်ပွဲအကြောင်း ကျွန်တော် တွေး မိပါလိမ့်မယ်။ ဂရင်းစလင်းမှတစ်ပါး အရာအားလုံးကို ကျွန်တော် အနိုင်ရခဲ့ပြီးပါပြီ။ တကယ်တော့ အကြီးမားဆုံးရည်မှန်းချက်က ကျန်ရှိနေပါသေးတယ်"ဟု ဇီဗာရက်ဗ်က ပြောကြားခဲ့သည်။ 

ကမ္ဘာ့အဆင့်(၅)နေရာတွင် ရှိသူ ဇီဗာရက်ဗ်သည် ပြီးခဲ့သည့်နှစ် ယူအက်စ်အိုးပင်းပြိုင်ပွဲတစ်ကြိမ်သာ  ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ဖူုးပြီး ယင်းပွဲစဉ်တွင် သြစတြီးယားတင်းနစ်သမား ဒေါ်မီနစ်ထင်းမ်ကို အရှုံးပေးခဲ့ ရသည်။ အခြားဂရင်းစလင်းပြိုင်ပွဲ(၃) ရပ်တွင် အမြင့်ဆုံးအဆင့်အဖြစ် သြစတြေးလျနှင့် ပြင်သစ်အိုးပင်းပြိုင်ပွဲများ၌ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး ဝင်ဘယ်လ်ဒန်ပြိုင်ပွဲ၌မူ အမြင့်ဆုံး စတုတ္ထအဆင့်သာ ရောက်ရှိခဲ့သည်။

Most Read

Most Recent