လာမာစီယာမှသည် ဘာစီလိုနာအသစ်ဆီသို့

လာမာစီယာမှသည် ဘာစီလိုနာအသစ်ဆီသို့
Photos: Getty Images, Twitter
Photos: Getty Images, Twitter
Published 8 August 2021

ဘာစီလိုနာဟာ ဒီရာသီအတွက် အီမာဆင်၊ ဒီပိုင်း၊ အဂွဲရိုးနဲ့ အဲရစ်ဂါစီယာတို့လိုကစား သမားတွေကို ခေါ်ထားနိုင်တယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ကိုဗစ်ကြောင့်ကျဆင်းလာတဲ့ ဝင် ငွေ၊ ဥက္ကဋ္ဌဟောင်း ဘာတိုမူရဲ့ စီမံခန့်ခွဲမှုအားနည်း ခြင်းတွေကြောင့် ကြုံလာရတဲ့ ငွေရေးကြေးရေး အကျပ်အတည်းတွေကိုပါ ဖြေရှင်းနေရလို့ အသင်းရဲ့အနေအထားက အထိုင်မငြိမ်သေးသလို ဖြစ်နေတယ်။ ဒီလိုအချိန်မှာ နည်းပြ ကိုးမန်းက လူအင်အားမပြည့်သေးတဲ့ အသင်းကြီးအတွက် လူငယ်တွေကိုဆွဲသွင်းလာခဲ့ရင်း ခြေစမ်းပွဲတွေ ကစားစေခဲ့တယ်။ ကိုးမန်း အသင်းကြီးအတွက် ခေါ်ယူလာခဲ့တဲ့ လူငယ်ကစားသမားအများစုက လာမာစီယာက မွေးထားခဲ့တဲ့လူငယ်တွေ၊ ဒီလူ ငယ်လေးတွေရဲ့ခြေစွမ်းက ခြေစမ်းပွဲတွေအတွက် အားရစရာကောင်းလာတဲ့အခါမှာတော့ အသင်း ကြီးရဲ့ငွေကြေးကျပ်တည်းနေမှု ပြဿနာတစ်ပိုင်းတစ်စကို ဒီလူငယ်တွေနဲ့ အစားထိုးဖြေရှင်းလို့ ရနိုင်နေပြီဖြစ်တဲ့ အခွင့်အရေးမျိုးပါ ရှိလာခဲ့တယ်။ အနာဂတ်အတွက် လာမာစီယာမျိုးဆက်သစ် ထွက်ပေါ်လာပြီလို့လည်း ယုံကြည်လာကြတယ်။

 

Most Read

Most Recent