နူနိုဆန်တိုနဲ့ စပါးရဲ့အကျပ်အတည်း

နူနိုဆန်တိုနဲ့ စပါးရဲ့အကျပ်အတည်း
Photos: Getty Images, Twitter
Photos: Getty Images, Twitter
Published 8 August 2021

စပါးအသင်းသမိုင်းတစ်လျှောက် ပထမဆုံး ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကစားအပြီး (၁)လခွဲ လောက်အကြာမှာ ပိုချက်တီနိုနဲ့ စပါးအသင်း စင်ကာပူကို ရာသီကြိုခြေစမ်းပွဲ ထွက်ခဲ့တယ်။ စပါးနဲ့သာ ချန်ပီယံလိဂ်ဖလားရခဲ့ရင် နည်းပြရာထူး ကနေ နှုတ်ထွက်နိုင်တယ်လို့ အဲဒီတုန်းက ဂျာနယ် လစ်တွေ ပြည့်ကျပ်နေတဲ့ စင်ကာပူအမျိုးသား အားကစားကွင်းကြီးထဲမှာ ပိုချက်တီနိုက အံ့အား သင့်ဖွယ် ပြောခဲ့တယ်။ ဒါပေမဲ့ ဗိုလ်လုပွဲမှာ ရှုံးနိမ့် ခဲ့လို့ စပါးနည်းပြအဖြစ် ဆက်ရှိနေတာလို့ အကြမ်း ဖျင်းယူဆနိုင်တယ်။ "ဖိုင်နယ်အပြီးမှာ ဒီလိုအ ဆုံးသတ်ရင် ခမ်းနားမှာမဟုတ်ဘူးလို့ ကျွန်တော် ခံစားခဲ့ရတယ်။ ကျွန်တော်က ပြဿနာတွေကို ရှောင်လွှဲသွားချင်တဲ့သူမျိုး မဟုတ်ပါဘူး။ စိန်ခေါ် မှုတွေကို သဘောကျပါတယ်"လို့ အာဂျင်တိုင်း နည်းပြက ဖွင့်ဟခဲ့တယ်။ အဲဒီတုန်းက စပါး အသင်းမှာ ဘယ်လို ပြဿနာတွေ ရှိတယ်ဆိုတာကို ဘယ်သူမှ စိတ်မဝင်စားခဲ့ကြဘူး။ ယုတ်စွအဆုံး ရာသီသစ်မှာ အသင်းကို ပိုချက်တီနို စွန့်ခွာသွား နိုင်တယ်ဆိုတာတောင် အရိပ်အဲမြွက် မသိခဲ့ကြဘူး။ ဒါပေမဲ့ အဲဒီစကားကို ပြောပြီး (၄)လအကြာ မှာ ပိုချက်တီနိုဟာ သူ စနစ်တကျ တည်ဆောက် ထားရတဲ့အသင်းနဲ့ လမ်းခွဲလိုက်ရတယ်။ သူ့ရဲ့ နေရာကို နာမည်ကျော်ပေါ် တူဂီနည်းပြ မော်ရင်ဟို ရောက်လာတယ်။ အဲဒီနောက် ကမ္ဘာလုံးဆိုင်ရာ COVID-19 ကပ်ဘေးကြောင့် ဘောလုံးပွဲတွေ၊ စီးပွားရေးနဲ့ လူနေမှုဘဝတွေ ကမောက်ကမ ဖြစ် သွားတယ်။

 

Most Read

Most Recent