ယာနစ်၏အပြောင်းအရွှေ့အတွက် ဂျူဗင်တပ်စ်အသင်း ယနေ့ဆွေးနွေးဖွယ်ရှိ

ယာနစ်၏အပြောင်းအရွှေ့အတွက် ဂျူဗင်တပ်စ်အသင်း ယနေ့ဆွေးနွေးဖွယ်ရှိ
Photo: Getty Images
Photo: Getty Images
Published 8 August 2021

ဂျူဗင်တပ်စ်အသင်းသည် ဘာစီလိုနာအသင်း၏ ဘော့စနီးယားကွင်းလယ်လူ ယာနစ်၏အပြောင်းအရွှေ့ကိစ္စများအား ၄င်း၏လက်ရှိကလပ်အသင်းဖြစ်သည့် ဘာစီလိုနာအသင်းနှင့် ယနေ့ဆွေးနွေးဖွယ်ရှိနေကြောင်းသိရသည်။

ဂျူဗင်တပ်စ်အသင်းသည် ယိုအမ်ဂမ်ပါဖလားဖိတ်ခေါ်ပွဲစဉ်ယှဉ်ပြိုင်ရန်အတွက် ဘာစီလိုနာအသင်းသို့ရောက်ရှိနေသလို၊ ဂျူဗင်တပ်စ်အသင်းဥက္ကဋ္ဌ အဂ္ဂါနယ်လီမှာလည်း ဥရောပစူပါလိဂ်ပြိုင်ပွဲနှင့်ပတ်သက်ပြီးဆွေးနွေးမှုများပြုလုပ်ရန် ဘာစီလိုနာသို့ရောက်ရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။

ထို့ကြောင့် ဂျူဗင်တပ်စ်အသင်းအနေဖြင့် ဘာစီလိုနာတွင်ရှိစဉ်အတွင်း ယာနစ်၏ အပြောင်းအရွှေ့နှင့်ပတ်သက်ပြီး အပြီးသတ်သဘောတူညီမှုရရန် ကြိုးစားသွားဖွယ်ရှိနေကြောင်း အီတလီမီဒီယာများကဖော်ပြခဲ့သည်။

အသက် (၃၁)နှစ်အရွယ်ရှိ ကွင်းလယ်လူယာနစ်သည် ပြီးခဲ့သည့် ၂၀၂၀ နွေရာသီအပြောင်းအရွှေ့က ဂျူဗင်တပ်စ်အသင်းမှ ဘာစီလိုနာအသင်းသို့ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ဘာစီလိုနာအသင်းအတွင် ပုံမှန်နေရာရရန် ရုန်းကန်နေရသူဖြစ်သည်။

ထို့ကြောင့် ယာနစ်အနေဖြင့် လက်ရှိအချိန်တွင် ဆရာဟောင်းဖြစ်သူ အယ်လီဂရီပြန်လည်ကိုင်တွယ်နေသည့် အသင်းဟောင်း ဂျူဗင်တပ်စ်သို့ပြန်ရန် ဆန္ဒရှိနေသလို ဂျူဗင်တပ်စ်အသင်းအနေဖြင့် အသင်းတွင်ရှိစဉ်က ခြေစွမ်းပြကစားနိုင်ခဲ့သည့် ယာနစ်အားပြန်လည်ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သတင်းများထွက်ပေါ်နေသည်။

ယာနစ်သည် ဂျူဗင်တပ်စ်အသင်းတွင် ၂၀၁၆-၁၇ ရာသီမှ ၂၀၁၉-၂၀ ရာသီအထိ (၄)ရာသီကြာကစားခဲ့ပြီး ပြိုင်ပွဲစုံ (၁၇၈)ပွဲကစားကာ (၂၂)ဂိုးသွင်းယူပေးနိုင်ခဲ့သည်။

Most Read

Most Recent