မက်ဆီက Ballon d'Or ဆုကို အကြိမ် အများဆုံးအဖြစ် (၆)ကြိမ်ရရှိထားတဲ့သူပါ။ အဓိ ကပြိုင်ဘက်ဖြစ်တဲ့ စီရော်နယ်လ်ဒိုက (၅)ကြိမ် ရရှိထားပြီး သူတို့နှစ်ဦးရဲ့ စိုးမိုးမှုကို ဖောက်ထွက် နိုင်တာ ၂၀၁၈ ခုနှစ်က မိုဒရစ်တစ်ဦးသာ ရှိခဲ့ပါတယ်။ ဆယ်စုနှစ်တစ်ခုလုံး မက်ဆီနဲ့ စီရော်နယ်လ်ဒိုသာ အပြိုင်လုရသလိုဖြစ်ခဲ့တာပါ။ ခေတ် ပြိုင်ကစားသမားတွေအတွက်တော့ သူတို့နှစ်ဦး က မနာလိုချင်စရာကောင်းလောက်အောင် ပြိုင်ဘက်ကင်းခဲ့ကြတယ်လို့ ဆိုရမှာပါ။ အခုသူတို့ နှစ်ဦးကို နေဝင်ချိန်ရောက်တော့မယ်၊ နောက်ထပ်မျိုးဆက်သစ်တွေကို နေရာဖယ်ပေးရတော့မယ်လို့ သုံးသပ်နေကြပေမဲ့လည်း သူတို့က လင်းလက်ဆဲ၊ တောက်ပဆဲပါပဲ။ ၂၀၂၁ ခုနှစ်အတွက် Ballon d'Or ဆုကို စိန်ခေါ်နိုင်တဲ့စာရင်းမှာ သူတို့ နှစ်ဦးကို ထည့်သွင်းထားရဆဲပါပဲ။ ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ Ballon d'Or ဆု ချီးမြှင့်ခြင်းမရှိခဲ့ပါဘူး။ လိဂ်ပြိုင်ပွဲတွေအားလုံး အဆုံးသတ်တဲ့အထိ မကျင်းပနိုင်ခဲ့တာ ကြောင့်လို့ အကြောင်းပြခဲ့ပါတယ်။ ဒါပေမဲ့ ထိပ်သီးလိဂ်တွေထဲမှာ ပြင်သစ်လိဂ်သာ အဆုံးမသတ်ဘဲ ရပ်တန့်ခဲ့ရတာဖြစ်ပြီး တခြားလိဂ်တွေ အပြီးသတ်နိုင်ခဲ့ပါတယ်။ ဒီတော့ ပြင်သစ်ဘောလုံး မဂ္ဂဇင်းဖြစ်တာကြောင့် ပြင်သစ်လိဂ် အဆုံးမသတ်နိုင်ခဲ့တာကို ရမယ်ရှာတယ်၊ လီဝန်ဒေါစကီးကို မရွေးချင်တာကြောင့်ဖြစ်နိုင်တယ်လို့ ဝေဖန်မှုတွေ လည်း ထွက်ပေါ်ခဲ့ပါသေးတယ်။ တကယ်လို့ ၂၀၂၀ ခုနှစ်မှာ Ballon d'Or ဆု ချီးမြှင့်ခဲ့မယ်ဆိုရင်လည်း မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့က မျှော်လင့်နိုင်သူတွေ ဖြစ်ခဲ့ဦးမှာပါပဲ။ ထူးထူးကဲကဲ စွမ်းဆောင်ပြခဲ့တဲ့ လီဝန်ဒေါစကီးကို မကျော်နိုင်ဘူးဆိုရင်တောင် သူတို့ရဲ့ စွမ်းဆောင်ရည်ကတော့ ယုတ်လျော့မသွားခဲ့ပါဘူး။
မက်ဆီနဲ့ Ballon d'Or
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















