အဆိုတော် Tones And I ၏ Welcome to the Madhouse တေးအယ်လ်ဘမ်ကို ဇူလိုင် ၁၆ ရက်တွင် ဖြန့်ချိမည်

အဆိုတော် Tones And I ၏ Welcome to the Madhouse တေးအယ်လ်ဘမ်ကို ဇူလိုင် ၁၆ ရက်တွင် ဖြန့်ချိမည်
Published 14 July 2021

သြစတြေးလျ တေးရေးဆရာမ၊ အဆိုတော် Tones And I ၏ Welcome to the Madhouse တေးအယ်လ်ဘမ်ကို ဇူလိုင် ၁၆ ရက်တွင် စတင်ဖြန့်ချိသွားမည်ဖြစ်သည်။

အဆိုတော် Tones And I က ဇူလိုင် ၁၂ ရက်တွင် The late Shoe with Stephen Colbert အစီအစဉ်၌ ၎င်း၏တေးသီချင်းသစ်ဖြစ်သော Cloudy Day တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့သည်။

Cloudy Day တေးသီချင်းသည် Welcome to the Madhouse အယ်လ်ဘမ်တွင် ပါဝင်လာမည့် တေးသီချင်းဖြစ်ကာ ထိုတေးသီချင်းကို ဇူလိုင် ၁၆ ရက်တွင် YouTube ၌ ထုတ်လွှင့်ပေးခဲ့ခြင်းဖြစ်သည်။

ဇူလိုင် ၁၆ ရက်တွင် ထွက်ရှိမည့် Welcome to the Madhouse တေးအယ်လ်ဘမ်တွင် တေးသီချင်းအပုဒ်ရေ ၁၄ ပုဒ်ပါ ဝင်မည်ဖြစ်ကာ လက်ဆောင်တေးသီချင်း နှစ်ပုဒ်ကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။

ယင်းအယ်လ်ဘမ်တွင် ပါဝင်မည်ဖြစ်သော Fly Away တေးသီချင်းကိုလည်း ပြီးခဲ့သည့်နှစ်တွင် ထုတ်လွှင့်ပေးခဲ့သည်။

Tones And I (အမည်ရင်း Toni Watson) ၏ ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့သော Dance Monkey တေးသီချင်းသည် လူကြိုက်များ ကျော်ကြားခဲ့သော တေးသီချင်းဖြစ်ခဲ့ကာ ဗြိတိန်နှင့် သြစတြေးလျအပါအဝင် နိုင်ငံပေါင်း ၃၀ ၏ ထိပ်တန်းတေးသီချင်း ဇယားထက်တွင် ထိပ်ဆုံး၌ ဦးဆောင်ထားနိုင်ခဲ့သည်။ ထို့ပြင် ယင်းတေးသီချင်းကိုSpotify ၌ နားသောတဆင်သည့် အကြိမ်အရေအတွက်သည် ၂.၂ ဘီလျံအထိ ရောက်ရှိခဲ့ပြီး YouTube တွင် Dance Monkey တေးသီချင်းဗီဒီယိုကို ကြည့်ရှုမှုသည် ၁.၆ ဘီလျံကျော် ရှိခဲ့သည်။

ဇူလိုင် ၁၃ ရက်က ထွက်ရှိခဲ့သော သုတေသနစစ်တမ်းတစ်ခုအရ အဆိုတော် Tones And I သည် ၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာ့ထိပ်တန်း တေးရေးဆရာများထဲတွင် တစ်ဦးအပါအဝင် ဖြစ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent