ဂရီးဇ်မန်းကို ဂျော်အိုဖေးလစ်နှင့်လဲလှယ်ရန် အက်သလက်တီကိုအသင်း ငြင်းဆန်

ဂရီးဇ်မန်းကို ဂျော်အိုဖေးလစ်နှင့်လဲလှယ်ရန် အက်သလက်တီကိုအသင်း ငြင်းဆန်
Photo: Getty Images
Photo: Getty Images
Published 14 July 2021

အက်သလက်တီကိုအသင်းသည် အသင်းတိုက်စစ်ကစားသမား ဂျော်အိုဖေးလစ်အား ဂရီးဇ်မန်းနှင့် တိုက်ရိုက်လဲလှယ်ရန် ဘာစီလိုနာအသင်း၏ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ကြောင်း Marca သတင်းစာက ဖော်ပြခဲ့သည်။ 

ဘာစီလိုနာအသင်းသည် မက်ဆီကို စာချုပ်သစ်ချုပ်ဆိုရန်အတွက် တစ်ပတ်လစာ ပေါင်(၂၉၄၀၀၀) ပေးချေနေရသည့် ဂရီးဇ်မန်းကိုရောင်းထုတ်ရန် အလိုရှိနေခြင်းဖြစ်သည်။ 

ထို့ကြောင့်  ဘာစီလိုနာအသင်းသည် အက်သလက်တီကိုအသင်းတွင် နည်းပြဆီမြွန်နီနှင့် အဆင်မပြေဟု သတင်းထွက်နေသည့် ဂျော်အိုဖေးလစ်နှင့် ဂရီးဇ်မန်းကို တိုက်ရိုက်လဲလှယ်ရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

သို့သော် အက်သလက်တီကိုအသင်းသည် ဂျော်အိုဖေးလစ်ကို လက်လွှတ်လိုခြင်းမရှိဘဲ ဆာအူလ်နှင့် တိုက်ရိုက်လဲလှယ်ရန်သာ အလိုနေကြောင်း သိရသည်။ 

ဘာစီလိုနာအသင်းသည် ဂရီးဇ်မန်းကို ရောင်းချရန် ချယ်လ်ဆီးနှင့်မန်စီးတီးအသင်းတို့ကိုလည်း ဆက်သွယ်ခဲ့ကြောင်း မီဒီယာများက ဖော်ပြနေကြသည်။ 

Most Read

Most Recent