တေးအယ်လ်ဘမ်အများဆုံး ရောင်းချရမှု Billboard စာရင်း၏ထိပ်ဆုံး ၁၀ နေရာသို့ လေဒီဂါဂါ၏ Chromatica စတူဒီယိုအယ်လ်ဘမ် ပြန်လည်တက်လှမ်းလာ

တေးအယ်လ်ဘမ်အများဆုံး ရောင်းချရမှု Billboard စာရင်း၏ထိပ်ဆုံး ၁၀ နေရာသို့ လေဒီဂါဂါ၏ Chromatica စတူဒီယိုအယ်လ်ဘမ် ပြန်လည်တက်လှမ်းလာ
Published 7 July 2021

ဇူလိုင် ၁၀ ရက်အထိ သတ်မှတ်ထားသော Billboard ထိပ်တန်းတေးအယ်လ်ဘမ်ရောင်းချရမှု စာရင်း၏ နံပါတ် တစ်နေရာတွင် အမေရိကန်ရက်ပ်အဆိုတော် Tyler, the Creator ၏ Call Me If You Get Lost တေးအယ်လ်ဘမ်က ရပ်တည်နေကာ လေဒီဂါဂါ၏ Chromatica အယ်လ်ဘမ်က စာရင်း၏ ထိပ်ဆုံး ၁၀ နေရာသို့ ပြန်လည်တက်လှမ်းလာခဲ့ကြောင်း သိရသည်။

ဇူလိုင် ၃ ရက်မှ ဇူလိုင် ၁၀ ရက်အထိ သီတင်းတစ်ပတ်တာအတွင်း ရောင်းချရမှု အများဆုံးဖြစ်ခဲ့သည့် ထိပ်တန်းအယ်လ်ဘမ်များကို Billboard ၏ Top Album Sales စာရင်းတွင် ဖော်ပြခြင်းဖြစ်သည်။ အဆိုတော် Tyler, the Creator ၏ Call Me If You Get Lost တေးအယ်လ်ဘမ်သည် ဇူလိုင် ၁ ရက်တွင် ကုန်ဆုံးသည့် သီတင်းပတ်အတွင်း ကော်ပီအချပ်ရေ ၅၅,၀၀၀ အထိ ရောင်းချခဲ့ရကြောင်း MRC အချက်အလက်များအရ သိရသည်။

စာရင်း၏ နံပါတ်နှစ်နေရာတွင် ရော့ခ်တေးဂီတအဖွဲ့ Beartooth ၏ နောက်ဆုံးထွက် စတူဒီယိုတေးအယ်လ်ဘမ် Below က အချပ်ရေ ၁၄,၀၀၀ ရောင်းချရမှုနှင့်အတူ ရပ်တည်နေသည်။

Greatful Dead ၏ 1971 အယ်လ်ဘမ်သည် အချပ်ရေ ၁၃,၀၀၀ ရောင်းချရမှုဖြင့် စာရင်း၏ နံပါတ် သုံးနေရာတွင် ရပ်တည်နေပြီး Billboard ၏ Top Album Sales စာရင်းတွင် သီတင်းပတ် လေးပတ် ဆက်တိုက် ပါဝင်နေသော Olivia Rodrigo ၏ Sour တေးအယ်လ်ဘမ်က စာရင်း၏နံပါတ် လေးနေရာတွင် ရပ်တည်နေကာ လေးပတ်မြောက် သီတင်းပတ်အတွင်း အယ်လ်ဘမ်အချပ်ရေ ၁၀,၀၀၀ ရောင်းချနိုင်ခဲ့သည်။

နံပါတ် ငါးနေရာတွင် Doa Cat ၏ Planet Her အယ်လ်ဘမ်၊ နံပါတ် ခြောက်နေရာတွင် Gary Allan ၏ Ruthless အယ်လ်ဘမ်၊ နံပါတ် ခုနစ်နေရာတွင် TWICE အဖွဲ့၏ Taste of Love: the 10th မီနီအယ်လ်ဘမ်က ရပ်တည်လျက်ရှိသည်။

Most Read

Most Recent