လက်ရှိဘဏ္ဍာနှစ် ကိုးလနီးပါးတွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကဏ္ဍ၌ ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၁၃၀ ကျော် ဖြစ်ပေါ်

လက်ရှိဘဏ္ဍာနှစ် ကိုးလနီးပါးတွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကဏ္ဍ၌ ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၁၃၀ ကျော် ဖြစ်ပေါ်
ရန်ကုန်မြို့ရှိဆိပ်ကမ်းတစ်ခုကိုတွေ့ရစဉ်
ရန်ကုန်မြို့ရှိဆိပ်ကမ်းတစ်ခုကိုတွေ့ရစဉ်
Published 6 July 2021

လက်ရှိဘဏ္ဍာနှစ် ကိုးလနီးပါးတွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကဏ္ဍတွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၁၃၀ ကျော် ဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ကုန်သွယ်မှုလိုငွေဆိုသည်မှာ မြန်မာနိုင်ငံက ပြည်ပသို့တင်ပို့ထားသည့် ပို့ကုန်ပမာဏထက် တင်သွင်းထားသည့် သွင်းကုန်ပမာဏ ပို၍များနေခြင်းကို ဆိုလိုသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇွန် ၂၅ ရက်အထိ မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ တင်ပို့ထားသည့် ပို့ကုန်ပမာဏ ဒေါ်လာ ၁၀ ဒသမ ၉၅၆ ဘီလျံသာ ရှိသည်။

အဆိုပါကာလအတွင်း ပြည်ပမှ တင်သွင်းထားသည့် သွင်းကုန်ပမာဏ ဒေါ်လာ ၁၁ ဒသမ ၀၉၂ ဘီလျံအထိရှိသည်။

အဆိုပါ ပို့ကုန်တင်ပို့မှုနှင့် သွင်းကုန်တင်သွင်းထားမှုကို နှိုှုင်းယှဉ်ကြည့်ပါက ပို့ကုန်တင်ပို့မှုထက် သွင်းကုန်တင်သွင်းမှုက ဒေါ်လာ ၁၃၅ ဒသမ ၆၂၈ သန်း ပိုမိုတင်သွင်းထားသည်။ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁၃၅ ဒသမ ၆၂၈ သန်း ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ မတ်လအထိ ခြောက်လအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်အများဆုံးတင်ပို့ထားသည့် ၁၀ နိုင်ငံစာရင်းတွင် တရုတ်နိုင်ငံသို့ ဒေါ်လာ ၂၉၄၁ ဒသမ ၅၆ သန်းဖြင့် အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံသို့ ဒေါ်လာ ၁၅၅၁ ဒသမ ၂၃ သန်းဖြင့် ဒုတိယအများဆုံးဖြစ်ကာ အစဉ်လိုက်ရပ်တည်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ဂျပန်နိုင်ငံသို့ ဒေါ်လာ ၄၉၈ ဒသမ ၃၉ သန်း၊ အိန္ဒိယနိုင်ငံသို့ ဒေါ်လာ ၃၉၃ ဒသမ ၅၇ သန်း၊ အမေရိကန်သို့ ဒေါ်လာ ၃၄၉ ဒသမ ၀၆ သန်း၊ စပိန်နိုင်ငံသို့ ဒေါ်လာ၂၀၃ ဒသမ ၀၉ သန်း၊ ဂျာမနီနိုင်ငံသို့ ဒေါ်လာ ၂၀၂ ဒသမ ၉၃သန်း၊ U.K သို့ ဒေါ်လာ ၁၈၅  ဒသမ ၀၂ သန်း၊ တောင်ကိုရီးယားနိုင်ငံသို့ ဒေါ်လာ ၁၆၇ ဒသမ ၂၄ သန်း၊ နယ်သာလန်သို့ ဒေါ်လာ ၁၅၂ ဒသမ ၉၆ သန်း တင်ပို့ခဲ့ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂ သမ ၁၂၆ ဘီလျံကျော်ရှိပြီး တရုတ်ဘက်မှ သွင်းကုန်တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၆ ဒသမ ၇၂၄ဘီလျံကျော် တင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလအထိ မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂၁၂၆ ဒသမ ၂၇၈ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တင်ပို့မှု တန်ဖိုးဒေါ်လာ ၅၄၀၁ ဒသမ ၉၄၃ သန်းရှိပြီး တရုတ်ဘက်မှ သွင်းကုန်တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၆၇၂၄ ဒသမ ၃၃၅ သန်း တင်သွင်းထားသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် Business Center များ အပြန်အလှန် တည်ထောင်ဖွင့်လှစ်၍ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ်အတွင်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၃၀၀ သန်းကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုပမာဏ ဒေါ်လာ သန်း ၁၃၀ ကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှစက်တင်ဘာလကုန်အထိ မြန်မာဘက်မှ အိန္ဒိယနိုင်ငံသို့ ပို့ကုန်တန်ဖိုး ဒေါ်လာ ၆၁၆ ဒသမ ၄၆၄ သန်းအထိ တင်ပို့ထားပြီး အိန္ဒိယဘက်မှ သွင်းကုန်တန်ဖိုးဒေါ်လာ ၆၉၆ ဒသမ ၉၃၇ သန်းအထိ တင်သွင်းထားကာ စုစုပေါင်းကုန်သွယ်မှု ပမာဏဒေါ်လာ  ၁၃၁၃ ဒသမ ၄၀၁ သန်း ရရှိထားသည်။

Most Read

Most Recent