အောင်ကောင်းမာန်ကစားနေသည့် မလေးရှားကလပ် ဆရီပါဟန်းအသင်း COVID-19 ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီးစီး

အောင်ကောင်းမာန်ကစားနေသည့် မလေးရှားကလပ် ဆရီပါဟန်းအသင်း COVID-19 ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီးစီး
Photo: Sri Pahang FC
Photo: Sri Pahang FC
Published 27 June 2021

 

မြန်မာလူငယ်တိုက်စစ်မှူး အောင်ကောင်းမာန် ပါဝင်ကစားနေသည့် မလေးရှားစူပါလိဂ်ကလပ် ဆရီပါဟန်းအသင်းသည် COVID-19 ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဆရီပါဟန်းအသင်း တာဝန်ရှိသူများ၊ နည်းပြအဖွဲ့ဝင်များနှင့် ကစားသမားများသည် ဇွန် ၂၅ ရက်တွင် ဒုတိယအကြိမ် ကာ ကွယ်ဆေးထိုးနှံခဲ့ခြင်းဖြစ်ပြီး အောင်ကောင်းမာန်လည်း ပါဝင်ခဲ့သည်။ မလေးရှားနိုင်ငံတွင် ကပ်ရောဂါကူးစက်မှုနှုန်း ပြန်လည်မြင့်တက် လာသဖြင့် နိုင်ငံအတွင်း ရောဂါထိန်းချုပ်မှုများကို အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။ 

မလေးရှားကလပ်အသင်းများမှာ အာရှအဆင့် ကလပ်ပြိုင်ပွဲများ ယှဉ်ပြိုင်နေပြီး မလေးရှားနိုင်ငံသို့ ပြန်လည်ရောက်ရှိရာတွင် Quarantine ဝင်ရမည်ဖြစ်သောကြောင့် မလေးရှားစူပါလိဂ်ပြိုင်ပွဲ ပြန်လည်စတင်မည့် ရက်ကိုပင် နောက်ဆုတ်ထားသည်။ 

ဆရီပါ ဟန်းအသင်းသည် မေလနောက်ဆုံးပတ်ကတည်းက လေ့ကျင့်မှု ပြန်လည်ပြုလုပ်လျက်ရှိပြီး ကပ်ရောဂါအခြေအနေကြောင့် ပါဟန်းမြို့ ၌ လေ့ကျင့်ရန် အဆင်မပြေသဖြင့် အခြားမြို့ များတွင် သွားရောက်လေ့ကျင့်ခဲ့ရကြောင်း သိရသည်။ ဆရီပါဟန်းအသင်းသည် တန်း ဆင်းဇုန်အန္တရာယ်နှင့် ရင်ဆိုင်နေရသဖြင့် လက်ကျန်ပွဲများတွင် ရလဒ်ကောင်းရယူနိုင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။  

အောင်ကောင်းမာန်သည် ရာသီဝက် အပြောင်းအရွှေ့ကာလတွင် ဆရီပါဟန်း အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ရာသီဝက် စာချုပ် ချုပ်ဆိုထားသည်။ အောင်ကောင်းမာန်သည် ဆရီပါဟန်းအသင်းအတွက် တစ်ပွဲ သာ ကစားရသေးပြီး ပထမဆုံးပွဲမှာပင် ဂိုး သွင်းယူနိုင်ခဲ့သည်။ အောင်ကောင်းမာန်သည် ပြီးခဲ့သည့်နှစ်ဆန်းပိုင်းမှစတင်ကာ ပြည်ပ ကလပ်များတွင် သွားရောက်ကစားခဲ့ပြီး ၂၀၂၀-၂၀၂၁ ရာသီ ထိုင်းလိဂ်ပြိုင်ပွဲမှာ ဧပြီ တွင် ပြီးဆုံးခဲ့သဖြင့် မေလတွင် မလေးရှား လိဂ်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

အောင်ကောင်းမာန်သည် ပြီးခဲ့သည့်ရာသီတွင် ထိုင်း ကလပ် သုံးသင်းအထိ ပြောင်းရွှေ့ကစားခဲ့ပြီး ပထမဆုံးကလပ်အဖြစ် ထရတ်အသင်းသို့ ပြောင်းရွှေ့ပြီးနောက် လမ်ပန်အသင်း၊ ခွန် ကန်ယူနိုက်တက်အသင်းသို့ ထပ်မံပြောင်းရွှေ့ ခဲ့ခြင်းဖြစ်သည်။ 

ဆရီပါဟန်းအသင်းသည် ပထမအကျော့ အပြီးတွင် တန်းဆင်းဇုန်အတွင်း ကျရောက် ခဲ့သော်လည်း ပြိုင်ပွဲခေတ္တမရပ်နားမီ နောက် ဆုံးကစားသည့်ပွဲတွင် ပီရတ်အသင်းအား (၃-၂) ဂိုးဖြင့် အနိုင်ရခဲ့သောကြောင့် ၁၃ ပွဲ ကစား၊ ၁၂ မှတ်ဖြင့် အဆင့် ၉ နေရာသို့ တက်လှမ်းနိုင်ခဲ့သည်။ မလေးရှားစူပါလိဂ်ပြိုင်ပွဲကို စုစုပေါင်း ၁၂ သင်းဖြင့် ကျင်းပလျက်ရှိပြီး ပြိုင်ပွဲပြီးဆုံးရန် ကိုးပွဲထပ်မံကစားရမည်ဖြစ်သည်။ 

Most Read

Most Recent