အပြောင်းအရွှေ့အတွက် အေးဂျင့်၊ကလပ်တို့နှင့် ဆွေးနွေးခြင်းမရှိဘဲ အင်္ဂလန်အသင်းအတွက်သာအာရုံစိုက်ထားဟု ဟာရီကိန်း ဆို

အပြောင်းအရွှေ့အတွက် အေးဂျင့်၊ကလပ်တို့နှင့် ဆွေးနွေးခြင်းမရှိဘဲ အင်္ဂလန်အသင်းအတွက်သာအာရုံစိုက်ထားဟု ဟာရီကိန်း ဆို
Photo: AFP
Photo: AFP
Published 27 June 2021

 

ယခုနွေရာသီတွင် အနာဂတ်မတည်မငြိမ်ဖြစ်နေသည့် စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်းက အပြောင်းအရွှေ့အတွက် အေးဂျင့်ဖြစ်သူအပါအဝင် ကလပ်အသင်းတို့နှင့် ဆွေးနွေးခြင်းမရှိဘဲ အင်္ဂလန်အသင်းအတွက် သာ အာရုံစိုက်ထားကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီ ကိန်း (၂၇ နှစ်) သည် ယူရို-၂၀၂၀ ပြိုင်ပွဲတွင် အုပ်စုပွဲစဉ်များပြီးဆုံးချိန်အထိ တစ်ဂိုးမျှ မသွင်းနိုင်သေးဘဲ ရုန်းကန်နေရသဖြင့် ဝေဖန်မှုများခံနေရပြီး အပြောင်းအရွှေ့သတင်းများကြောင့် အာရုံထွေပြားခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။ 

သို့ဖြစ်ရာ ၎င်းက "မဟုတ်ပါဘူး။ လုံးဝမဟုတ်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် အင်္ဂလန်အတွက် ပဲ အာရုံအပြည့်စိုက်ထားပါတယ်။ ကျွန်တော့် အစ်ကိုက ကျွန်တော့်ရဲ့အေးဂျင့်ပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ သူနဲ့ပြောဖြစ် တာက 'ကံကောင်းပါစေ။ နိုင်ပွဲယူလိုက်ကြရ အောင်။ အင်္ဂလန်အတွက် အစွမ်းကုန်ကြိုးစား ကြစို့' ဆိုတာလောက်ပါပဲ။ ပြင်ပက ဆူညံသံ တွေကြောင့် ကျွန်တော့်ကို အနှောင့်အယှက် လုံးဝမဖြစ်စေပါဘူး။ ဒီမှာရှိနေတဲ့အချိန်မှာ ချာတိတ်တွေနဲ့အတူ သူတို့ကို အကူအညီပေး နိုင်ဖို့၊ အသင်းအတွက် ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ပဲ ကြိုးစားနေပါတယ်။ တိုက်စစ်မှူးတစ်ယောက် ဂိုးမသွင်းနိုင်ဘူးဆိုရင် လူတွေက ဘာကြောင့်လဲဆိုပြီး ရှုထောင့်မျိုးစုံက ၀ိုင်းကြည့်တတ်ကြတယ်။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိလို့ စိုးရိမ်စရာမရှိပါဘူး" ဟု တုံ့ပြန်ပြောကြားခဲ့သည်။

Most Read

Most Recent