ဖင်လန်၏ဘောလုံးသမိုင်းကြောင်းက မှတ်ကျောက်တင်လောက်သည့် ပြောစရာအချက်အလက် မရှိသလောက်ပင်ဖြစ်သည်။ ဖာရိုးကျွန်းစုများအသင်းနှင့်အတူ ကမ္ဘာ့ဖလားနှင့် ယူရိုပြိုင်ပွဲစသည့် မေဂျာပြိုင်ပွဲနောက်ဆုံးအဆင့်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ဖူးခြင်းမရှိသည့် Nordic ဒေသခံအသင်းအဖြစ် သတ်မှတ်ခံထားရသည့်အစဉ်အလာဆိုးထဲမှ ဖင်လန်အသင်း ယခုတစ်ကြိမ်တွင်တော့ ရုန်းထွက်လာနိုင်ခဲ့သည်။ ဖင်လန်အသင်းသည် ကမ္ဘာ့ဖလားတွင် ၁၉၅၄ ပြိုင်ပွဲ၊ ယူရိုတွင် ၁၉၆၈ ပြိုင်ပွဲမှစတင်ပြီး တောက်လျှောက်ခြေစစ်ပွဲဝင်ခဲ့သည်။ ခြေစစ်ပွဲအောင်ရန် နီးစပ်ခဲ့သည့်အကြိမ်များလည်း ရှိခဲ့သည်။ သို့သော် ဖင်လန်ဘောလုံးသမိုင်းတွင် ပြောစမှတ်တွင်ခဲ့သည်က၂၀၀၂ ကမ္ဘာ့ဖလားခြေစစ်ပွဲပင်ဖြစ်သည်။ လစ်မာနန်၊ ဟစ်ပီယာ၊ ဖော်ဆဲလ်၊ တိုင်နီယို၊ နီမီတို့ဖြင့် သမိုင်းတစ်လျှောက် အကောင်းဆုံးစုဖွဲ့မှုကို ပိုင်ဆိုင်ခဲ့ချိန်ဟုဆိုနိုင်ပြီး ဂျာမနီ၊ အင်္ဂလန်စသည့်ထိပ်သီးအသင်းများကို ပခုံးချင်းယှဉ်နိုင်ခဲ့သည်။
ယူရို-၂၀၂၀ ပြိုင်ပွဲဝင်အသင်းများမိတ်ဆက် (၈)
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















