အိုဆာကာဘက်တွင် အပြည့်အဝရပ်တည်နေသည်ဟု ဂန္ထဝင်တင်းနစ်မယ် ခရစ္စအီဗတ်ဆိုခဲ့ပြီး စိတ်ပိုင်းဆိုင်ရာပြဿနာကို နားလည်ပေးကြရန် တိုက်တွန်း 

အိုဆာကာဘက်တွင် အပြည့်အဝရပ်တည်နေသည်ဟု ဂန္ထဝင်တင်းနစ်မယ် ခရစ္စအီဗတ်ဆိုခဲ့ပြီး စိတ်ပိုင်းဆိုင်ရာပြဿနာကို နားလည်ပေးကြရန် တိုက်တွန်း 
Photo: Getty Images
Photo: Getty Images
Published 4 June 2021

တင်းနစ်လောက၏ ဂန္ထဝင်တင်း နစ်မယ်တစ်ဦးဖြစ်သူ ခရစ္စအီဗတ်က  မကြာသေးမီက ဖြစ်ပွားခဲ့သည့် ပြဿနာကြောင့် ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲမှ နုတ်ထွက်သွားခဲ့သည့် ဂျပန်တင်းနစ်မယ် နာအိုမီအိုဆာကာဘက်က အပြည့်အဝရပ်တည်နေပြီး ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူများနှင့် မီဒီယာများအနေဖြင့် ကစားသမားများ၏ စိတ်ပိုင်းဆိုင်ရာပြဿနာများကို ပိုမိုနားလည်ပေးရန် လိုအပ်နေပြီဟု ပြောကြားခဲ့သည်။

    

နာအိုမီအိုဆာကာသည် ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် မီဒီယာများနှင့် တွေ့ဆုံရန်အတွက် စိတ်ပိုင်း ဆိုင်ရာအရ ပြဿနာရှိနေပြီး တက် ရောက်နိုင်မည်မဟုတ်ကြောင်းဆိုခဲ့ ပြီးနောက် ပြင်သစ်အိုပင်းတင်းနစ်ပြိုင်ပွဲတာဝန်ရှိသူများနှင့် အငြင်းပွားစရာကိစ္စများဖြစ်ပေါ်ခဲ့ပြီး၊ နောက်ဆုံးတွင် ပြိုင်ပွဲစည်းမျဉ်းအရ ပြင်သစ်အိုးပင်းမှ နုတ်ထွက်ခဲ့ရခြင်းဖြစ်သည်။ 

    

ဂရင်းစလင်းအောင်မြင်မှု (၁၈)ကြိမ်အထိ ရယူခဲ့ဖူးသည့် ခရစ္စအီဗတ်က "နည်းနည်းတော့ လေးစားမှု ရှိကြစမ်းပါ။ ဘာကြောင့်လဲဆိုတော့ အ သက်ငယ်ငယ်လေးနဲ့ အရမ်းကျော်ကြားလာပြီး ဒီအရာတွေကို ကိုင်တွယ်ရတာ အရမ်းခက်ခဲပါတယ်။ အတိတ်မှာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေရှိ တဲ့သူတွေအနေနဲ့ဆိုရင် ဒါက လုံးဝ ပျက်စီးသွားနိုင်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ၎င်းက "တင်းနစ်ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူတွေအနေနဲ့လည်း စိတ်ကျန်းမာရေး၊ မီဒီယာတွေအပေါ် ကိုင်တွယ်မှုနဲ့ပတ်သက် ပြီး ပိုပြီးအာရုံစိုက်ဖို့ လိုပါတယ်။ ကစားသမားတွေနဲ့ မီဒီယာတွေကြားမှာ အပြန်အလှန်နားလည်မှုနဲ့ ဆက်ဆံ ရေးကောင်းကို တည်ဆောက်ပေးနိုင် ဖို့က ပြိုင်ပွဲကျင်းပရေးတာဝန်ခံတွေဆီမှာ တာဝန်ရှိပါတယ်"ဟုလည်း ပြောကြားခဲ့သည်။ 

Most Read

Most Recent