ဗန်ဒယ်ဘိခ်အား မန်ချက်စတာယူနိုက်တက်အသင်းမှထွက်ခွာရန် ဗန်ဒါဗတ် တိုက်တွန်း 

ဗန်ဒယ်ဘိခ်အား မန်ချက်စတာယူနိုက်တက်အသင်းမှထွက်ခွာရန် ဗန်ဒါဗတ် တိုက်တွန်း 
Photo: Getty Images
Photo: Getty Images
Published 4 June 2021

နယ်သာလန်ကွင်းလယ်လူဟောင်း ဗန်ဒါဗတ်က မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဗန်ဒယ်ဘိခ်အား အသင်းမှထွက်ခွာရန် တိုက်တွန်းခဲ့သည်။ 

မန်ယူအသင်းသည် အသက် (၂၄)နှစ်အရွယ်ရှိ နယ်သာလန်ကွင်းလယ်လူ ဗန်ဒယ်ဘိခ်ကို ပြီးခဲ့သည့် ၂၀၂၀ နွေရာသီအပြောင်းအရွှေ့ကာလတွင် အေဂျက်စ်အသင်းမှ ယူရို (၄၄)သန်းဖြင့် ခေါ်ယူခဲ့သည်။ 

သို့သော် ဗန်ဒယ်ဘိခ်သည် ပြီးခဲ့သည့် ၂၀၂၀-၂၁ ရာသီတွင် မန်ယူအသင်း၌ ပွဲထွက်ခွင့်ရရန် ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ (၃၆)ပွဲတွင် (၁)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ 

ဗန်ဒါဗတ်က ဗန်ဒယ်ဘိခ်သည် မန်ယူအသင်း၏ ကစားကွက်နှင့် ကိုက်ညီမှုမရှိဘဲ လာမည့်ရာသီတွင် အရန်ခုံ၌ မထိုင်လိုလျှင် အသင်းပြောင်းရွှေ့သင့်သည်ဟု တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ 

"ဗန်ဒယ်ဘိခ်က အေဂျက်စ်အသင်းရဲ့ ကစားကွက်နဲ့ အံ့ဝင်ပါတယ်။ ဒါပေမဲ့ မန်ယူအသင်းရဲ့ကစားပုံနဲ့တော့ အဆင်မပြေပါဘူး။ တကယ်လို့ ဒီရာသီမှာ မန်ယူအသင်းက ဘယ်သူ့မှ မထွက်ခွာဘူးဆိုရင် ဗန်ဒယ်ဘိခ်အနေနဲ့ လာမယ့်ရာသီမှာလည်း ပွဲထွက်ခွင့်ရဖို့ မလွယ်ပါဘူး။ ဗန်ဒယ်ဘိခ်အနေနဲ့ (၂)ရာသီလုံး အရန်ခုံမှာ ထိုင်နေချင်မယ်လို့ မထင်ပါဘူး။ သူက အသက်ငယ်သေးပေမဲ့ အချိန်ကုန်တာ မြန်ပါတယ်။ ဗန်ဒယ်ဘိခ်ရဲ့ ကစားပုံနဲ့ဆိုရင် ဒေါ့မွန်အသင်းနဲ့ ကိုက်ညီမယ်လို့ ထင်ပါတယ်"ဟု ဗန်ဒါဗတ်က ပြောကြားခဲ့သည်။

မန်ယူအသင်းနှင့် ချုပ်ဆိုထားသည့် ဗန်ဒယ်ဘိခ်၏ စာချုပ်မှာ ၂၀၂၅ ခုနှစ်တွင်မှ ကုန်ဆုံးမည်ဖြစ်ပြီး မန်ယူအသင်းအနေဖြင့် ၎င်းကို ရောင်းချလိုခြင်းမရှိကြောင်း သိရသည်။ 

Most Read

Most Recent