ယူရိုပြိုင်ပွဲကို ယုံကြည်မှုအပြည့်ဖြင့် ယှဉ်ပြိုင်ကြရန် ကစားသမားများကို စပိန်နည်းပြ အင်းနရစ် တိုက်တွန်း

ယူရိုပြိုင်ပွဲကို ယုံကြည်မှုအပြည့်ဖြင့် ယှဉ်ပြိုင်ကြရန် ကစားသမားများကို စပိန်နည်းပြ အင်းနရစ် တိုက်တွန်း
Photo: Marca
Photo: Marca
Published 4 June 2021

စပိန်အသင်းနည်းပြ အင်းနရစ်က ယူရိုပြိုင်ပွဲတွင် ယုံကြည်မှုအပြည့်ဖြင့် ယှဉ်ပြိုင်ကြရန် အသင်းကစားသမားများကို တိုက်တွန်းပြောကြားခဲ့သည်။ 

စပိန်အသင်းသည် ယူရို-၂၀၂၀ ပြိုင်ပွဲ၏ အုပ်စု (E)တွင် ပိုလန်၊ ဆလိုဗက်ကီးယား၊ ဆွီဒင်အသင်းတို့နှင့် ကျရောက်နေပြီး ဇွန်လ (၁၄)ရက်တွင် အုပ်စုအဖွင့်ပွဲအဖြစ် ဆွီဒင်အသင်းနှင့်ကစားရမည်ဖြစ်သည်။ 

အင်းနရစ်က စပိန်အသင်းက ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရေပန်းစားသည့်အသင်းများထဲတွင် တစ်သင်းအပါအဝင်ဖြစ်ကြောင်းနှင့် ကစားသမားများအနေဖြင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရန်သာ လိုအပ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

အင်းနရစ်က "ကျွန်တော့်အနေနဲ့ အသင်းကစားသမားတွေကို သူတို့ လုပ်နိုင်တယ်ဆိုတာကို ယုံကြည်လာအောင် လုပ်ပေးဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့အသင်းက ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့အသင်းတွေထဲမှာ တစ်သင်းအပါအဝင်ဖြစ်ပါတယ်။ အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေက ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို မြင်ရတာ အားရစရာပါပဲ။ ကျွန်တော့်အနေနဲ့ အသင်းကစားသမားတွေအပေါ် ယုံကြည်မှုအပြည့်ရှိပါတယ်"ဟု ပြောကြားခဲ့သည်။ 

စပိန်အသင်းနည်းပြ အင်းနရစ်သည် ယူရို-၂၀၂၀ ပြိုင်ပွဲအတွက် ကစားသမား (၂၄)ဦး ရွေးချယ်ရာတွင် ရာမို့စ်အပါအဝင် ရီးယဲလ်ကစားသမားတစ်ဦးမျှ ပါဝင်ခြင်းမရှိသည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ 

Most Read

Most Recent