ဥရောပစူပါဖလားပွဲကို မြောက်အိုင်ယာလန်နိုင်ငံတွင်သာ ကျင်းပမည်

ဥရောပစူပါဖလားပွဲကို မြောက်အိုင်ယာလန်နိုင်ငံတွင်သာ ကျင်းပမည်
Photo: UEFA
Photo: UEFA
Published 4 June 2021

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) သည်  ဥရောပစူပါဖလားပွဲကို မြောက်အိုင်ယာ လန်နိုင်ငံတွင်သာ ကျင်းပမည်ဖြစ်ကြောင်း ကြာ သပတေးနေ့က အတည်ပြုကြေညာခဲ့သည်။

    

ချန်ပီယံလိဂ်ချန်ပီယံ ချယ်လ်ဆီးအသင်းနှင့် ယူရိုပါလိဂ်ချန်ပီယံ ဗီလာရီးယဲလ်အသင်းတို့ ယှဉ်ပြိုင်ကစားရမည့် အဆိုပါပွဲကို မူလကတည်းက မြောက်အိုင်ယာလန်နိုင်ငံတွင် ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သော်လည်း တူရကီနိုင်ငံတွင် ပြောင်းလဲကျင်းပဖွယ်ရှိကြောင်း သတင်းထွက်ခဲ့ သလို၊ တူရကီအားကစားဝန်ကြီးကလည်း ၎င်းတို့ လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

တူရကီနိုင်ငံသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကျင်းပရမည့်အခွင့်အရေးကို (၂)ရာသီ ဆက်တိုက် ဆုံးရှုံးခဲ့ရခြင်းကြောင့် UEFA က ဥရောပစူပါဖလားပွဲကို ယင်းနိုင်ငံတွင် ကျင်းပခွင့်ပေးရန် စဉ်းစားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ 

သို့သော် UEFA က မူလစီစဉ်ထားသည့် အတိုင်း မြောက်အိုင်ယာလန်နိုင်ငံ၊ ဘဲလ်ဖတ်စ်မြို့တွင်သာ ကျင်းပသွားမည်ဖြစ်ကြောင်း ကြာသ ပတေးနေ့က အတည်ပြုကြေညာခဲ့ခြင်းဖြစ်သည်။ 

ယင်းသို့ အတည်ပြုခဲ့ပြီးနောက် မြောက်အိုင်ယာလန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေးဗစ်မာတင်က  ပရိသတ်အများအပြား လာရောက်အားပေးမည်ဟု မျှော်လင့်ကြောင်းနှင့် မိမိတို့အတွက် သမိုင်းတွင်မည့် ပြိုင်ပွဲတစ်ခု ဖြစ်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ 

Most Read

Most Recent