■ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ လက်ကျန်ပွဲများယှဉ်ပြိုင်ကစားရန် မြန်မာ့လက်ရွေးစင်အသင်း ဇွန် (၂)ရက်တွင် အိုဆာကာမြို့သို့ ထွက်ခွာမည်

■ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ လက်ကျန်ပွဲများယှဉ်ပြိုင်ကစားရန် မြန်မာ့လက်ရွေးစင်အသင်း ဇွန် (၂)ရက်တွင် အိုဆာကာမြို့သို့ ထွက်ခွာမည်
Photos: Gettyimages, MFF
Photos: Gettyimages, MFF
Published 1 June 2021

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စုလက်ကျန်ပွဲများ ယှဉ်ပြိုင်ကစားရန် ဇွန်(၂)ရက်တွင် အိုဆာကာမြို့သို့ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် လက်ကျန် ပွဲစဉ်(၃)ပွဲအနက် ဂျပန်အသင်းနှင့်ပွဲကို ချီဘာမြို့၌ ယှဉ်ပြိုင်ကစားခဲ့ရပြီး ကျန်(၂)ပွဲကိုမူ အိုဆာကာမြို့၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

မြန်မာ့လက်ရွေးစင်အသင်းသည် ဂျပန်နှင့်ပွဲ အပြီးတွင် ချီဘာမြို့၌ (၄)ရက်ထပ်မံနေထိုင်၍ လက်ကျန်ပွဲများအတွက် ဆက်လက်ပြင်ဆင်သွားမည်ဖြစ်သည်။ 

မြန်မာ့လက်ရွေးစင်အသင်းသည် လက်ကျန်ပွဲများအဖြစ် ဇွန်(၁၁)ရက်တွင် ကာဂျစ္စတန်အသင်း၊ ဇွန်(၁၅)ရက်တွင် တာဂျစ်ကစ္စတန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဂျပန်နှင့်ပွဲအပြီးတွင် ပြင်ဆင်ချိန်(၁၀)ရက်ကျော်ရရှိမည်ဖြစ်သည်။ 

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် (MFF)သည် မြန်မာ့လက်ရွေးစင်အသင်း၏ အုပ်ချုပ်မှုအဖွဲ့နှင့် နည်းပြအဖွဲ့ဝင်များကို ထုတ်ပြန်ခြင်းမရှိသော်လည်း ကစားသမား(၂၄)ဦးအပါအဝင် အဖွဲ့ဝင်စုစုပေါင်း (၃၀)ကျော်ပါဝင်ပြီး အိုဆာကာမြို့တွင် (၂)ပတ်ကြာ ဆက်လက်နေထိုင်ရမည်ဖြစ်သည်။ 

မြန်မာ့လက်ရွေးစင်အသင်းသည် အုပ်စုဒုတိယနေရာ ရရှိရန်နှင့် ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရရန်အတွက် လက်ကျန်(၂)ပွဲစလုံး အနိုင်ရရန် လိုအပ်နေပြီး (၆)ပွဲကစား (၆)မှတ်သာရရှိထားသဖြင့် တာဂျစ်ကစ္စတန်နှင့် ကာဂျစ္စတန်တို့ကို အသာရရန် ရလဒ်ကောင်းရယူနိုင်ရေး လိုအပ်နေသည်။

◘ မြန်မာ့လက်ရွေးစင်အသင်း လူစာရင်း

ဂိုးသမား        -    ဆန်းဆက်နိုင်၊ ပြည့်လျှံအောင်၊ ကိုကိုနိုင်

နောက်တန်း    -    သိန်းသန်းဝင်း၊ စိုးမိုးကျော်၊ ဟိန်းထက်စည်သူ၊ ဒေးဗစ်ဒန်း၊ ရဲမင်းသူ၊ ဇော်ရဲထွန်း၊ ရဲရင့်အောင်

အလယ်တန်း    -    မောင်မောင်ဝင်း၊ ငြိမ်းချမ်းအောင်၊ ရန်နိုင်ဦး၊ လွင်မိုးအောင်၊ မောင်မောင်လွင် ၊ လားဒင်မောရ၊ လှိုင်းဘိုဘို၊ မြတ်ကောင်းခန့်၊ 

            တင်ဝင်းအောင်၊ ထက်ဖြိုးဝေ

ရှေ့တန်း        -    သန်းထက်အောင်၊ ဆွမ်လမန်၊ ပြည်မိုး၊ ဝင်းနိုင်ထွန်း 

Most Read

Most Recent