နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၆၄၅ ကျပ်ဖြင့် ငွေလဲကောင်တာများမှ ဆက်လက်ရောင်းချ

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၆၄၅ ကျပ်ဖြင့် ငွေလဲကောင်တာများမှ ဆက်လက်ရောင်းချ
Published 14 May 2021

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၆၄၅ ဖြင့် ငွေလဲကောင်တာများမှ ဆက်လက်ရောင်းချပေးနေကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။ (မေ ၁၃ ရက်) မှစ၍ ဗဟိုဘဏ်က ငွေလဲကောင်တာ (Money Changer) အချို့မှတစ်ဆင့် ဒေါ်လာ စတင်ရောင်းချပေးနေခြင်းဖြစ်သည်။ မေ ၁၄ ရက်တွင်လည်း ငွေလဲကောင်တာများမှ ဗဟိုဘဏ်၏ သတ်မှတ်နှုန်းထားအတိုင်း ဆက်လက်ရောင်းချပေးနေခြင်းဖြစ်သည်။

ပြီးခဲ့သည့်ခြောက်လအတွင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်းများမှာ အောက်တိုဘာတွင် ၉၄ ဒသမ ၁၂ ပွိုင့်၊ နိုဝင်ဘာတွင် ၉၄ ဒသမ ၂၄ ပွိုင့်၊ ဒီဇင်ဘာတွင် ၈၉ ဒသမ ၉၃ ပွိုင့်၊ ဇန်န ၀ါရီတွင် ၉၁ ဒသမ ၀၂ ပွိုင့်၊ ဖေဖော်ဝါရီတွင် ၉၁ ဒသမ ၅၉ ပွိုင့်၊ မတ် တွင် ၉၀ ဒသမ ၉၃ ပွိုင့်ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ ဒီဇင်ဘာလအထိ လအလိုက်ရောင်းဝယ်မှုပမာဏများမှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ဒေါ်လာ ၃၉ ဒသမ ၅ သန်း၊ ဖေဖော်ဝါရီတွင် ဒေါ်လာ ၃၁ ဒသမ ၅ သန်း၊ မတ်တွင် ဒေါ်လာ ၂၁ သန်း၊ မေတွင် ဒေါ်လာ ၁၆ ဒသမ ၇ သန်း၊ ဇွန်တွင် ၃၉ ဒသမ ၁ သန်း၊ ဇူလိုင်တွင် ဒေါ်လာ ၃၁ ဒသမ ၁ သန်း၊ သြဂုတ်တွင် ဒေါ်လာ ၃၅ ဒသမ ၆ သန်းဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာတွင် ဒေါ်လာ ၄၄ ဒသမ ၂ သန်း၊ အောက်တိုဘာတွင် ဒေါ်လာ ၄၃ သန်း၊ နိုဝင်ဘာတွင် ဒေါ်လာ တစ်သိန်း၊ ဒီဇင်ဘာလတွင် ဒေါ်လာ ၇ ဒသမ ၈ သန်းဝယ်ယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီတွင် ဒေါ်လာ ၂ ဒသမ ၇ သန်း၊ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာတွင် ဒေါ်လာသုံးသန်း ပြန်လည်ရောင်းချခဲ့သည်။ ၂၀၂၁ ခုနှစ်ဇန်နဝါရီတွင် ဒေါ်လာ ၁ ဒသမ ၈ သန်း ဝယ်ယူခဲ့သည်။ ကာလတိုအတွင်း နိုင်ငံခြား ငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံခြားသုံးသီးသန့် အရန်ငွေဖြည့်တင်းရန် နိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံ ဖွင့်လှစ်ဆောင်ရွက်နေခြင်းဖြစ်သည်။

Most Read

Most Recent