ဗဟိုဘဏ်မှ ငွေလဲကောင်တာများတွင် ဒေါ်လာရောင်းချမှု စတင်ပြီးနောက် ပြည်တွင်းရွှေစျေး ကျပ် ၁၆၀၀၀၀၀ သိန်းဝန်းကျင်သို့ ပြန်ရောက်

ဗဟိုဘဏ်မှ ငွေလဲကောင်တာများတွင် ဒေါ်လာရောင်းချမှု စတင်ပြီးနောက် ပြည်တွင်းရွှေစျေး ကျပ် ၁၆၀၀၀၀၀ သိန်းဝန်းကျင်သို့ ပြန်ရောက်
Published 13 May 2021

(မေ ၁၃ ရက်) မှစ၍ ဗဟိုဘဏ် က ငွေလဲကောင်တာ (Money Changer) အချို့မှတစ်ဆင့် ဒေါ်လာ စတင်ရောင်းချ ပေးမှုကြောင့် ဆက်တိုက်မြင့်တက်နေသည့် ပြည်တွင်းရွှေစျေးနှုန်းမှာ  မေလ ၁၃ရက်၊ နေ့လည် နှစ်နာရီခန့်က ကျပ် ၁၆၀၀၀၀၀ သိန်း ဝန်းကျင်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းရွှေစျေးမှာ မေလ ၈ရက်နေ့မှ မေလ ၁၂ရက်နေ့၊ နေ့လည်အတွင်းကျပ်နှစ်သိန်းဝန်းကျင်ထိခုန်ထက်ပြီးရွှေစျေး နှုန်း ကျပ် ၁၆၉၀၀၀၀  ဝန်းကျင်ထိ စံချိန်တင် ဆက်လက်မြင့်တက်ခဲ့ခြင်းဖြစ် သည်။ (မေ ၁၃ ရက်) မှစ၍ ဗဟိုဘဏ် က ငွေလဲကောင်တာ (Money Changer) အချို့မှတစ်ဆင့် ဒေါ်လာ စတင်ရောင်းချ ခဲ့သည်။

ဗဟိုဘဏ်က ငွေလဲကောင်တာ (Money Changer) အချို့မှတစ်ဆင့် ရောင်းချမည့် အမေရိကန်ဒေါ်လာစျေးနှုန်း ကို တစ်ဒေါ်လာလျှင် ၁၆၄၅ ကျပ် သတ်မှတ် ထားကြောင်း သိရသည်။ ၂၀၂၁ ခုနှစ် မေလ၁၃ရက်၊ နေ့လည် ၂နာရီခန့်တွင် ကမ္ဘာ့ ရွှေစျေး ၁၈၁၆ ဒေါ်လာ ဝန်းကျင်ဖြစ်ပေါ်ပြီး မြန်မာ့ရွှေစျေးနှုန်းမှာ ကျပ် ၁၆သိန်းဝန်းကျင်ထိ ပြန် လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

“ရွှေစျေးနှုန်းကတော့ ကျပ် ၁၆သိန်း ဝန်းကျင်လို့ပဲ ပြောလို့ရပါမယ်။ စျေးတွေ က အပြောင်းအလဲ ရှိလို့။ အတိအကျပြောလို့ မရလို့ပါ။ အတိအကျသိချင် ဆိုင်ကိုလာမေး လို့ရပါတယ်” ဟု ရန်ကုန်မြို့ရှိ အောင်သ မာဓိ ရွှေ ဆိုင်မှာ အရောင်း ဝန်ထမ်းတစ်ဦး ကဖြေကြား ခဲ့ သည်။

၂၀၂၁ ခုနှစ် မေလ ၁၂ရက်၊ နေ့လည် ၂ နာရီခန့်တွင် ကမ္ဘာ့ ရွှေစျေး ၁၈၃၃ဒေါ်လာဝန်းကျင်   ဖြစ်ပေါ်ပြီး ပြည်တွင်းရွှေစျေးနှုန်းမှာ ငါးရက်အတွင်း ကျပ်နှစ်သိန်း ဝန်းကျင်ထိခုန်တက်ခဲ့ပြီး ကျပ် ၁၆၉၀၀၀၀ ဝန်းကျင်ထိ စံချိန်   တင်မြင့်တက်ခဲ့ခြင်းပြီး မေ ၁၂ရက် ညနေပိုင်းတွင် ရွှေစျေးနှုန်းများ ကျပ် ၁၆သိန်းဝန်းကျင်သို့ ပြန်လည်ကျဆင်းခဲ့   ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် မေလ၁၁ရက်နေ့တွင် ကမ္ဘာ့ ရွှေစျေး ၁၈၄၂ဒေါ်လာဝန်းကျင်   ဖြစ် ပေါ်ပြီး ပြည်တွင်းရွှေစျေးနှုန်းမှာ လေးရက် အတွင်းကျပ်တစ်သိန်း ဝန်းကျင်ခုန်တက်ခဲ့ပြီး ကျပ် ၁၆၂၀၀၀၀ ဝန်းကျင်ထိ စံချိန်တင်မြင့်တက်ခဲ့သည်။

၂၀၂၁ ခုနှစ် မေလ ၁၀ ရက်နေ့တွင် ကမ္ဘာ့ ရွှေစျေး ၁၈၃၆ဒေါ်လာဝန်းကျင်   ဖြစ်ပေါ်ပြီး ပြည်တွင်းရွှေစျေးနှုန်းမှာ သုံးရက်အတွင်း ကျပ်ခြောက်သောင်းကျော် ခုန်တက်ခဲ့ပြီး ကျပ် ၁၅၈၀၀၀၀ ဝန်းကျင်ထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းရွှေစျေးနှုန်းသည် ၂၀၁၈ ခု နှစ်  စက်တင်ဘာ ၂၀ ရက်၌ဖြစ်ပေါ်ခဲ့သော ကျပ် ၁၀၄၇၇၀၀ စံချိန်ကို ၂၀၁၉ ခုနှစ် ဇန် နဝါရီ ၃ ရက်တွင် ကျပ် ၁၀၄၈၅၀၀ ဖြင့် ကျော်ဖြတ်ခဲ့ပြီး စံချိန်သစ်များ ဆက်တိုက် တင်ခဲ့ကာ ဇန်နဝါရီ ၃၁ ရက်တွင် ကျပ်  ၁၀၆၃၀၀၀ အထိ ဖြစ်ပေါ်ခဲ့သည်။ ထို့နောက်  ရွှေစျေးများ ဆက်လက်မြင့်တက်ခဲ့ရာ ဖေ ဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀ အထိ၊ ၂၀၁၉ ခုနှစ် ဇွန် ၂၀ ရက်တွင် ကျပ် ၁၁၀၁၀၀၀ အထိ၊ ဇူလိုင် ၁၁ ရက်တွင် ကျပ် ၁၁၃၆၀၀၀ အထိ၊ ဇူလိုင် ၂၅ ရက်တွင် ကျပ် ၁၁၅၀၀၀၀ အထိမြင့်တက်ခဲ့သည်။ သြဂုတ် လအတွင်းတွင်လည်း စံချိန်သစ်များ ဆက် တိုက်ဖြစ်ပေါ်ခဲ့ပြီး သြဂုတ် ၃ ရက်တွင် ကျပ် ၁၁၅၄၉၀၀၊ သြဂုတ် ၇ ရက်တွင် ကျပ် ၁၂၀၃၀၀၀၊ သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ သြဂုတ် ၂၆ ရက်တွင် ကျပ် ၁၂၄၉၀၀၀၊ သြဂုတ် ၂၉ ရက်တွင် ကျပ် ၁၂၆၃၀၀၀၊ စက်တင်ဘာ ၄ ရက်တွင် ကျပ် ၁၂၈၂၀၀၀၊ စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀ အထိ စံချိန်သစ်များ တင်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ၁၁ လအကြာ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၅ ရက်တွင် ကျပ် ၁၃၁၈၀၀၀၊ သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀ ဖြင့် ယခင်စံချိန်များကို ကျော်လွန်၍ စံချိန်ထပ်  တင်ခဲ့သည်။ ယင်းနောက် ငါးလအကြာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်တွင် ကျပ် ၁၃၃၆၀၀၀၊ ဖေဖော်ဝါရီ ၃ ရက်တွင် ကျပ် ၁၄၁၁၀၀၀ ဖြင့် စံချိန်သစ်ထပ်တင်ခဲ့ခြင်း ဖြစ်သည်။ပြီးခဲ့သည့် ခြောက်လအတွင်း လအ လိုက် အနိမ့်ဆုံးနှင့် အမြင့်ဆုံး ရွှေစျေးနှုန်း များမှာ ၂၀၂၀ ပြည့်နှစ် သြဂုတ်တွင် ကျပ် ၁၂၇၅၀၀၀-၁၃၃၅၅၀၀၊ စက်တင်ဘာတွင် ကျပ် ၁၂၉၈၀၀၀-၁၃၂၀၀၀၀၊ အောက်တို ဘာတွင် ကျပ် ၁၃၀၇၅၀၀-၁၃၁၉၀၀၀၊ နိုဝင် ဘာတွင် ကျပ် ၁၂၆၆၇၀၀-၁၃၁၈၀၀၀၊ ဒီဇင်ဘာတွင် ကျပ် ၁၂၇၅၀၀၀-၁၃၃၃၀၀၀၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ကျပ်  ၁၃၁၆၅၀၀- ၁၃၃၆၀၀၀ ဖြစ်သည်။

လအလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံး နှင့် အမြင့်ဆုံး ကမ္ဘာ့ရွှေစျေးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် ၁၅၄၉-၁၆၅၉ ဒေါ်လာ၊ မတ်တွင် ၁၄၆၇-၁၆၇၃ ဒေါ်လာ၊ ဧပြီတွင် ၁၅၆၈-၁၇၂၉ ဒေါ်လာ၊ မေတွင် ၁၆၈၃-၁၇၄၈ ဒေါ်လာ၊ ဇွန်တွင် ၁၆၈၀-၁၇၇၉ ဒေါ်လာ၊ ဇူလိုင်တွင် ၁၇၆၉-၁၉၇၅ ဒေါ်လာ၊ သြဂုတ်တွင် ၁၈၅၉-၂၀၇၅ ဒေါ်လာ၊ စက်တင်ဘာတွင် ၁၈၄၈-၁၉၇၅ ဒေါ်လာ၊ အောက်တိုဘာတွင် ၁၈၅၈- ၁၉၃၃ ဒေါ်လာ၊ နိုဝင်ဘာတွင် ၁၇၆၄- ၁၉၆၆ ဒေါ်လာ၊ ဒီဇင်ဘာတွင် ၁၇၇၆-၁၉၀၆ ဝန်း ကျင်၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ၁၈၀၃-၁၉၅၈ ဒေါ်လာဖြစ်ပေါ်ခဲ့ပြီး ကွာဟချက် ဒေါ်လာ ၄၀ ဝန်းကျင်မှ ဒေါ်လာ ၂၀၀ ကျော် အထိရှိခဲ့သည်။ 

Most Read

Most Recent