မေ ၁၃ ရက်မှစ၍ ဗဟိုဘဏ်က Money Changer အချို့မှတစ်ဆင့်  ဒေါ်လာ စတင်ရောင်းချမည်

မေ ၁၃ ရက်မှစ၍ ဗဟိုဘဏ်က Money Changer အချို့မှတစ်ဆင့်  ဒေါ်လာ စတင်ရောင်းချမည်
Published 12 May 2021

မေ ၁၃ ရက်မှစ၍ ဗဟိုဘဏ်က ငွေလဲကောင်တာ (Money Changer) အချို့မှတစ်ဆင့် ဒေါ်လာ စတင်ရောင်းချမည် ဖြစ်ကြောင်း ငွေလဲကောင်တာ (Money Changer) လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ဗဟိုဘဏ်က ငွေလဲကောင်တာ (Money Changer) အချို့မှတစ်ဆင့် ရောင်းချမည့် အမေရိကန်ဒေါ်လာ စျေးနှုန်းကို တစ်ဒေါ်လာလျှင် ၁၆၄၅ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

ဗဟိုဘဏ်က ငွေလဲကောင်တာ (Money Changer) အချို့မှ ဒေါ်လာရောင်းချရာတွင် လူတစ်ဦး (သို့မဟုတ်) မှတ်ပုံတင် တစ်ခုကို သတ်မှတ်ထားသည့် ဒေါ်လာ အရေအတွက်အတိုင်း ရောင်းချပေးမည် ဖြစ်ကြောင်း ငွေလဲကောင်တာ (Money Changer) လုပ်ငန်း လုပ်ကိုင်သူများက ဆိုသည်။

မေ ၁၂ ရက်တွင် ဗဟိုဘဏ်သည် နိုင်ငံခြားငွေ စျေးပြိုင်လေလံဖြင့် ဒေါ်လာ ခြောက်သန်း ရောင်းချခဲ့ပြီး လေလံအတွက် ပျမ်းမျှငွေလဲနှုန်းမှာ ၁၆၅၀ ဒသမ ၆ကျပ် ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ ဒီဇင်ဘာလအထိ လအလိုက်ရောင်းဝယ်မှု ပမာဏများမှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ဒေါ်လာ ၃၉ ဒသမ ၅ သန်း၊ ဖေဖော်ဝါရီတွင် ဒေါ်လာ ၃၁ ဒသမ ၅ သန်း၊ မတ်တွင် ဒေါ်လာ ၂၁ သန်း၊ မေတွင် ဒေါ်လာ ၁၆ ဒသမ ၇ သန်း၊ ဇွန်တွင် ၃၉ ဒသမ ၁ သန်း၊ ဇူလိုင်တွင် ဒေါ်လာ ၃၁ ဒသမ ၁ သန်း၊ သြဂုတ်တွင် ဒေါ် လာ ၃၅ ဒသမ ၆ သန်း၊ စက်တင်ဘာတွင် ဒေါ်လာ ၄၄ ဒသမ ၂ သန်း၊ အောက်တိုဘာတွင် ဒေါ်လာ ၄၃ သန်း၊ နိုဝင်ဘာတွင် ဒေါ်လာတစ်သိန်း၊ ဒီဇင်ဘာလတွင် ဒေါ်လာ ၇ ဒသမ ၈ သန်း ဝယ်ယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီတွင် ဒေါ်လာ ၂ ဒသမ ၇ သန်း၊ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာတွင် ဒေါ်လာ သုံးသန်း ပြန်လည် ရောင်းချခဲ့သည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ဒေါ်လာ ၁ ဒသမ ၈ သန်း ဝယ်ယူခဲ့သည်။

Most Read

Most Recent