လက်ရှိအချိန်တွင် အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်မှု ၆၄ ရာခိုင်နှုန်းနီးပါးနှင့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မှု ၄၈ ဒသမ ၆၈ ရာခိုင်နှုန်း တည်ဆောက်ပြီးစီး

လက်ရှိအချိန်တွင် အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်မှု ၆၄ ရာခိုင်နှုန်းနီးပါးနှင့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မှု ၄၈ ဒသမ ၆၈ ရာခိုင်နှုန်း တည်ဆောက်ပြီးစီး
လောပိတရေအားလျှပ်စစ်စီမံကိန်း တစ်နေရာကို တွေ့ရစဉ်
လောပိတရေအားလျှပ်စစ်စီမံကိန်း တစ်နေရာကို တွေ့ရစဉ်
Published 12 May 2021

လက်ရှိအချိန်တွင် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်မှု ၆၃ ဒသမ ၉၉ ရာခိုင်နှုန်း၊ အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်းတည်ဆောက်မှု ၄၈ ဒသမ ၆၈ ရာခိုင်နှုန်းသို့လည်းကောင်း၊ အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းသည် ၆ ဒသမ ၁၄ ရာခိုင်နှုန်းသို့လည်းကောင်း တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်လိုအပ်ချက်အတွက် ၅၁ မဂ္ဂါဝပ်ရှိ အထက်အကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း၊ မဂ္ဂါဝပ်၂၈၀ ထုတ်လုပ်မည့် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း၊ ၁၅၂ မဂ္ဂါဝပ်ထုတ်လုပ်မည့် အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းနှင့် ၁၁၁ မဂ္ဂါဝပ်ထုတ်လုပ်မည့် သူဋ္ဌေးရေအား လျှပ်စစ်စီမံကိန်းစသည့် စီမံကိန်းလေးခု ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ယခင်၂၀၁၆ ခုနှစ်တွင် အရင်းအမြစ်ပေါင်းစုံမှ နေ့စဉ် ၄၈၀၀၀ မဂ္ဂါဝပ်နာရီ ထုတ်ပေးရာတွင် ယခုအခါနေ့စဉ် ၆၅၀၀၀ မဂ္ဂါဝပ်နာရီခန့်ဓာတ်အားစနစ်သို့ တိုးတက်ထုတ်လုပ်ပေးလျက်ရှိကြောင်း၊ ထိုသို့ထုတ်လုပ်ပေးလျက်ရှိရာတွင် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ၂၈ ရုံမှ စက်တပ်ဆင် အင်အား ၃၂၂၅ မဂ္ဂါဝပ် ထုတ်လုပ်ပေးလျက် ရှိကြောင်း သိရသည်။

ထို့ပြင် ထပ်မံတိုးတက်သုံးစွဲလာမည့် လျှပ်စစ်လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရန်အတွက် အထက်ကျိုင်းတောင်းရေအား လျှပ်စစ်စီမံကိန်း (၅၁ မဂ္ဂါဝပ်) ကို ၂၀၂၁- ၂၀၂၂ ခုနှစ်တွင်လည်းကောင်း၊ မဂ္ဂါဝပ် ၂၈၀ ထုတ်လုပ်မည့် အထက်ရဲရွာရေအားလျှပ်စစ် စီမံကိန်း၂၀၂၂-၂၀၂၃ ခုနှစ်တွင်လည်းကောင်း၊ ၁၅၂ မဂ္ဂါဝပ်ရှိသည့် အလယ်ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို၂၀၂၄-၂၀၂၅ တွင်လည်းကောင်း၊ ၁၁၁ မဂ္ဂါဝပ်ရှိ သူဋ္ဌေးရေအား လျှပ်စစ်စီမံကိန်းကို ၂၀၂၅-၂၀၂၆ ခုနှစ်တွင်လည်းကောင်း အသီးသီး အချိန်မီထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်ပြီး ရေအားလျှပ် စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းများ ဆောင်ရွက်လျက်ရှိရာတွင် ရေအားစွမ်းအင်အရင်းအမြစ် ရရှိနိုင်မှုအပေါ်မူတည်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အကြီးစား၊ အလတ်စား၊ အသေးစားစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နှစ်အလိုက် လျှပ်စစ်ဓာတ်အားအမျိုးအစားလိုက် လျှပ်စစ်ထုတ်လုပ်မှုအနေဖြင့်  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၁၂၂၇ ဒသမ ၈၂၊ သဘာဝဓာတ်ငွေမှ ကီလိုဝပ်နာရီသန်းပေါင်း ၉၃၆၆ ဒသမ ၅၆ ထုတ်လုပ်ထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၂၂၆၅ ဒသမ ၀၃၊ သဘာဝဓာတ်ငွေမှ ကီလိုဝပ်နာရီ သန်းပေါင်း ၇၄၅၉ ဒသမ ၂၂၊ ရေနွေးငွေ့မှ ကီလိုဝပ် နာရီသန်းပေါင်း ၁၀၈၀ ဒသမ ၆၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီ သန်းပေါင်း ၇၇ ဒသမ ၅၅ ထုတ်လုပ်ထားသည်။

Most Read

Most Recent