မြန်မာလူငယ်တိုက်စစ်ကစားသမား အောင်ကောင်းမာန် မလေးရှားစူပါလိဂ်ကလပ် ဆရီပါဟန်းအသင်းသို ့ ပြောင်းရွှေ  ့ရန် နီးစပ်နေပြီဟု မလေးရှားမီဒီယာများဖော်ပြ

မြန်မာလူငယ်တိုက်စစ်ကစားသမား အောင်ကောင်းမာန် မလေးရှားစူပါလိဂ်ကလပ် ဆရီပါဟန်းအသင်းသို ့ ပြောင်းရွှေ  ့ရန် နီးစပ်နေပြီဟု မလေးရှားမီဒီယာများဖော်ပြ
Photo: Aung Kaung Mann Instagram
Photo: Aung Kaung Mann Instagram
Published 3 May 2021

မြန်မာလူငယ်တိုက်စစ်ကစားသမားဖြစ်သူ အောင်ကောင်းမာန်သည် မလေးရှားစူပါလိဂ်ကလပ် ဆရီပါဟန်းအသင်းသို ့ပြောင်းရွှေ  ့ရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။

မလေးရှားမီဒီယာများ၏ ဖော်ပြချက်အရ အောင်ကောင်းမာန်သည် လက်ရှိတွင် မလေးရှားနိုင်ငံသို ့ရောက်ရှိနေပြီဖြစ်ပြီး ဆရီပါဟန်အသင်းတာဝန်ရှိသူများနှင့် တွေ ့ဆုံဆွေးနွေးနေလျက်ရှိကြောင်းသိရသည်။

ထို ့ပြင် အောင်ကောင်းမာန်သည် မလေးရှားကျန်းမာရေးဌါန၏ Quarantine သတ်မှတ်ချက်များကို မြို  ့တော်ကွာလာလမ်ပူ၌ လုပ်ဆောင်နေပြီဖြစ်၍ ဆရီပါဟန်းအသင်းသို ့ ပြောင်းရွှေ ့ရန်သေချာနေပြီဖြစ်ကြောင်း မလေး ရှားမီဒီယာများက ရေးသားဖော်ပြခဲ့သည်။

ယခုနှစ်ရာသီ မလေးရှားစူပါလိဂ်ပြိုင်ပွဲမှာ ရာသီဝက်ပြီးဆုံးနေပြီဖြစ်ကြောင်းသိရသည်။

၂၀၂၁ မလေးရှားစူပါလိဂ်ပြိုင်ပွဲ၏ ရာသီဝက်အပြောင်း အရွှေ  ့ကာလကို မေ (၃) ရက်မှ (၃၀) ရက်အထိ ဖွင့်လှစ်ထားကြောင်းသိရသည်။

ဆရီပါဟန်းအသင်းသည် ယခုဖွင့်လှစ်ထားသည့် ရာသီဝက်အပြောင်းအရွှေ ့ကာလအတွင်း အောင်ကောင်းမာန်ကို ခေါ်ယူနိုင်ရန်ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရသည်။

ဆရီပါဟန်းအသင်းသည် ယခုနှစ်ရာသီ မလေးရှားစူပါလိဂ်ပြိုင်ပွဲ ရာသီဝက်ပြီးဆုံးချိန်တွင် (၁၁) ပွဲကစား၊ (၂) ပွဲနိုင်၊ (၂) ပွဲသရေ၊ (၇) ပွဲရှုံး ရမှတ် (၈) မှတ်ဖြင့် အဆင့် (၁၁) နေရာတွင် ရပ်တည်နေကြောင်းသိရသည်။

မလေးရှားဘောလုံး အဖွဲ  ့ချုပ်(FAM) သည် ယခုနှစ်ရာသီ မလေးရှားစူပါလိဂ်ပြိုင်ပွဲကို အသင်း (၁၂) သင်းဖြင့် ကျင်းပနေခြင်းဖြစ်သည်။

အောင်ကောင်းမာန်သည် ၂၀၂၀ နှစ်ဆန်းပိုင်းမှစ၍ ထိုင်းကလပ်အသင်းများတွင် အငှားစတင်သွားရောက်ကစားခဲ့ပြီး တစ်ရာသီအတွင်း အသင်း (၃)သင်း ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။

အောင်ကောင်းမာန်သည် ထိုင်းကလပ်အသင်းများဖြစ်သည့် ထရတ်အသင်း၊ လမ်ပန်းအသင်းနှင့် ခွန်ကန်ယူနိုက်တက်အသင်းတို ့တွင် သွားရောက်ကစားခဲ့ခြင်းဖြစ်သည်။

အောင်ကောင်းမာန်သည် ထရတ်အသင်းအတွက် (၄) ပွဲသာ ကစားပေးခဲ့ရပြီး ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပေ။

အောင်ကောင်းမာန်သည် လမ်ပန်းအသင်းအတွက် (၇) ပွဲကစား (၃) ဂိုး၊ခွန်ကန်အသင်းအတွက် (၁၀) ပွဲကစား (၂) ဂိုး သွင်းယူပေးနိုင်ခဲ့သည်။

Most Read

Most Recent