၂၀၂၁ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်

၂၀၂၁ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 17 April 2021

ဘီလ်ဘာအို - ဘာစီလိုနာ (တနင်္ဂနွေနံနက် ၂းဝ၀ နာရီ)

လာလီဂါမှာ နိုင်ပွဲတွေဆက် နေရာက ရီးယဲလ်ကို အရှုံးပေးခဲ့ရ တာကြောင့် ဘာစီလိုနာအသင်းရဲ့ ချန်ပီယံမျှော်လင့်ချက် အားလျော့ ခဲ့ရပါတယ်။ ဒါကြောင့် ဖလား လက်မဲ့မဖြစ်စေဖို့ စပိန်ဘုရင့်ဖ လားဗိုလ်လုပွဲက ပိုအရေးကြီးလာ ခဲ့ပါတယ်။ ဘီလ်ဘာအိုအသင်းက တော့ ပြီးခဲ့တဲ့ရာသီအတွက် ယှဉ် ပြိုင်ခဲ့တဲ့ ၂၀၂၀ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲမှာ လောလောလတ် လတ် ရှုံးနိမ့်ထားတဲ့အသင်းဖြစ်ပြီး နောက်ထပ်အခွင့်အရေးကို အ သုံးချနိုင်အောင် ကြိုးစားရမယ့်အ ခြေအနေပါ။ ဒါပေမဲ့ လက်ရှိအ ချိန်မှာ ပြိုင်ပွဲစုံ နောက်ဆုံး(၆)ပွဲ ဆက် နိုင်ပွဲပျောက်ထားတဲ့ ဘီလ် ဘာအိုအသင်းရဲ့ခြေစွမ်းက အား ရစရာမရှိပါဘူး။ တိုက်စစ်ပိုင်းမှာ အဓိကပြဿနာရှိနေတယ်လို့ ဆို ရမှာဖြစ်ပြီး အလာဗတ်စ်ကို တောင် အိမ်ကွင်းမှာ ဂိုးမသွင်းနိုင် ခဲ့တာ စိတ်ပျက်စရာပါ။ စပိန်စူပါ ဖလားတုန်းက ခြေစွမ်းနဲ့လည်း ကွာခြားနေပါပြီ။ အားကုန်ထုတ် လာဖို့ရှိတဲ့ ဘာစီလိုနာအသင်း စူ ပါဖလားရှုံံးေ<ကးကို ပြန်ဆပ်နိုင် မှာ သေချာပါတယ်။

Most Read

Most Recent