နယူးကာဆယ် - ဝက်စ်ဟမ်း (စနေညနေ ၆းဝ၀ နာရီ)
နယူးကာဆယ်ရဲ့ ခံကန်အားကို လျှော့တွက်ရင် ဝက်စ်ဟမ်း ခက်ခဲသွားနိုင်တယ်။ တစ်ဦးချင်းခြေစွမ်း၊ အသင်းလိုက် ခြေစွမ်း၊ နည်းဗျူဟာ ဘယ်အပိုင်းမှာမှ အားရစရာမရှိပေမဲ့ ရလဒ်တွေ ကိုကြည့်ရင် နယူးကာဆယ်ကောင်းနေတယ်။ သရေကျနိုင်တယ်။
ဝုလ်ဗ် - ရှက်ဖီးယူနိုက်တက် (စနေည ၈း၃၀ နာရီ)
ဝုလ်ဗ်ကလည်း အထက်မရောက်၊ အောက်မရောက်။ ရှက်ဖီးကလည်း တန်းဆင်းရဖို့ သေချာသလောက်ရှိနေတဲ့အသင်း ဖြစ်နေပြီး မနှစ်ကနဲ့ ဘာမှမဆိုင်တဲ့ နှစ်သင်းပါ။ ခြေကတော့ ကွာ ပါတယ်။ ဝုလ်ဗ်ကို ကြိုက်တယ်။















