■ လိုက်ပ်ဇစ် - ဟော်ဖန်ဟင်မ် (မြန်မာစံတော်ချိန် ဧပြီလ ၁၇ ရက် နံနက် ၁းဝ၀ နာရီ)
လိုက်ပ်ဇစ်အသင်းက အိမ်ကွင်းနောက်ဆုံး(၂)ပွဲမှာ ဖရန့်ဖတ်ကို သရေ၊ ဘိုင်ယန်ကို အရေးနိမ့်ပြီး နိုင်ပွဲပျောက်ထားခဲ့တယ်။ ဒါပေမဲ့ လိုက်ပ်ဇစ်ဟာ ဒီရာသီအိမ်ကွင်းပွဲတွေမှာ အမှားအယွင်းအတော်နည်းပြီး အစဉ်အလာကို ဆက်ထိန်းထားနိုင်ဆဲပဲဖြစ်တယ်။ လိုက်ပ်ဇစ်အနေနဲ့ ဟော်ဖန်ဟင်မ်နဲ့တွေ့ဆုံမှုတွေမှာလည်း တန်းတက်လာတဲ့ အစောပိုင်းနှစ်တွေမှာပဲ နိမ့်ပါးခဲ့ပြီး ပြိုင်ပွဲစုံ(၆)ပွဲဆက်တိုက် ရှုံးပွဲမရှိဘဲ (၅)ပွဲအထိ အနိုင်ကစားခဲ့တာ တွေ့ရတယ်။ လက်ရှိအဝေးကွင်းပွဲတွေမှာ ဟော်ဖန်ဟင်မ် ရုန်းကန်နေရပုံမျိုးနဲ့ မလွယ်လောက်ဘူး။ လိုက်ပ်ဇစ်ဘက်ကပဲ ရပ်တည်သင့်တယ်။

■ လိုင်လီ - မောင့်ပယ်လီယာ (မြန်မာစံတော်ချိန် ဧပြီလ ၁၇ ရက် နံနက် ၁း၃၀ နာရီ)
လိုင်လီက ချန်ပီယံမျှော်လင့်ချက်အတွက် ခပ်မှန်မှန် နိုင်ပွဲယူနေတယ်။ မောင့်ပယ်လီယာကတော့ ဥရောပဝင်ခွင့်မျှော်လင့်ချက်ရှိပေမဲ့ ထင်သလောက် မလွယ်ကူတော့ပါဘူး။ နောက်ပိုင်းပွဲတွေမှာ သရေပွဲတွေပဲ များနေတယ်။ လိုင်လီ နိုင်ပွဲဆက်ဦးမယ်။















