■ ပရီးမီးယားလိဂ် ပွဲစဉ်-၃၂ ပွဲကြိုသုံးသပ်ချက်

■ ပရီးမီးယားလိဂ် ပွဲစဉ်-၃၂ ပွဲကြိုသုံးသပ်ချက်
Published 16 April 2021

အဲဗာတန် - စပါး(မြန်မာစံတော်ချိန် ဧပြီလ ၁၇ ရက် နံနက် ၁း၃၀ နာရီ)

ပထမအကျော့ ရာသီအဖွင့်ပွဲအဖြစ် စပါးကွင်းမှာ ကစားခဲ့တုန်းက အဲဗာတန်က အနိုင်ယူခဲ့သလို၊ ဒီရာသီ FA ဖလားပွဲမှာလည်း အဲဗာတန်ပဲ အနိုင်ယူခဲ့တယ်။ အန်ဆယ်လော့တီနဲ့ အဲဗာတန်က မော်ရင်ဟိုနဲ့ စပါးတို့ကို ရင်ဆိုင်ဖို့အတွက် စိုးရိမ်စိတ်၊ ကြောက်စိတ်ရှိနေမှာမဟုတ်ဘူး။ ခြေရည်တူ၊ အဆင့်တူအဖြစ်ပဲ သဘောထားလိမ့်မယ်။ ဒါပေမဲ့ စပါးသာ ပုံမှန်ခြေလောက်ပြနိုင်ရင်တောင် အဲဗာတန်ထက် ပိုကောင်းတဲ့အသင်းဖြစ်နေပါတယ်။ တစ်ဦးချင်းရော၊  အသင်းလိုက်ပါ အဲဗာတန်ထက် ပိုကောင်းနေပြီး သေရေးရှင်ရေးအခြေအနေလည်းဖြစ်နေတယ်။ ပထမအကျော့ရှုံးပွဲကို လက်စားချေဖို့ဆိုတာထက် ပိုကြီးမားတဲ့ဆန္ဒတွေ စပါးမှာ ရှိနေပါတယ်။ စပါးကို ကြိုက်တယ်။ 

Most Read

Most Recent