ဒမ်ဘီလီအား ဆက်လက်ထိန်းသိမ်းနိုင်မည်ဟု ဘာစီလိုနာယုံကြည်နေသော်လည်း ဘဏ္ဍာရေးအခက်အခဲမှာ အတားအဆီးတစ်ခုဖြစ်လာဖွယ်ရှိနေ

ဒမ်ဘီလီအား ဆက်လက်ထိန်းသိမ်းနိုင်မည်ဟု ဘာစီလိုနာယုံကြည်နေသော်လည်း ဘဏ္ဍာရေးအခက်အခဲမှာ အတားအဆီးတစ်ခုဖြစ်လာဖွယ်ရှိနေ
Photo: Getty Images
Photo: Getty Images
Published 12 April 2021

 

ဘာစီလိုနာအသင်းသည် အသင်းနှင့် အနာဂတ်လှုပ်ခတ်နေသော ပြင်သစ်တောင်ပံကစားသမား ဒမ်ဘီလီအား အသင်းတွင်ဆက်ထိန်းနိုင်မည်ဟု ယုံကြည်နေသော်လည်း အသင်းဘဏ္ဍာရေးအခက်အခဲက အတားအဆီးတစ်ခုဖြစ်လာဖွယ်ရှိနေကြောင်း စပိန်အားကစားသတင်းစာ Marca ကဖော်ပြခဲ့သည်။

အသက် (၂၃)နှစ်အရွယ်ရှိ ဒမ်ဘီလီသည် ၂၀၁၇ နွေရာသီအပြောင်း အရွှေ့က ဒေါ့မွန်အသင်းမှ ဘာစီလိုနာ အသင်းသို့ ယူရို (၁၀၅)သန်းဖြင့် ပြောင်းရွှေ့လာသူဖြစ်ပြီး ဒဏ်ရာြ ဿနာများနှင့်အတူ အသင်းတွင် ပုံမှန် ခြေစွမ်းပြရန် ရုန်းကန်ခဲ့ရသည်။ 

ထို့ကြောင့် ဘာစီလိုနာအသင်းအနေဖြင့် ဒမ်ဘီလီအား ပြီးခဲ့သည့် ရာသီကတည်းက ပြန်လည်ရောင်းချရန်ဆန္ဒရှိ နေကြောင်း စပိန်မီဒီယာများကဖော်ပြ ခဲ့ကြပြီး ဒမ်ဘီလီအနေဖြင့်လည်းဘာစီလိုနာမှ ထွက်ခွာလိမ့်မည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

သို့သော်လက်ရှိအချိန်တွင်  ဒမ်ဘီလီမှာ နည်းပြရော်နယ်လ်ကိုးမန်း လက်အောက်၌ အသင်းတွင်ပုံမှန်ပွဲက စားခွင့်ပြန်လည်ရရှိခဲ့ပြီး ခြေစွမ်းပြသနိုင်နေသည့်အတွက် ဘာစီလိုနာအသင်းက စာချုပ်သစ်ချုပ်ဆိုရန်စီစဉ်နေခြင်းဖြစ်သည်။

စပိန်အားကစားသတင်းစာ Marca ၏ဖော်ပြချက်အရ ဘာစီလိုနာအသင်းသည် ဒမ်ဘီလီ အား (၃)နှစ်စာချုပ်သစ်ကမ်းလှမ်းရန် စီစဉ်နေသော်လည်း အသင်း၏ဘဏ္ဍာရေးအခြေအနေပေါ်မူတည်၍ အပြောင်းအလဲဖြစ်ဖွယ်ရှိနေကြောင်း သိရသည်။

ဒမ်ဘီလီသည် အန်ဆူဖာတီ ဒဏ်ရာရရှိပြီးနောက် အသင်းတွင်ပုံ မှန်ပွဲကစားခွင့်ပြန်လည်ရရှိလာသူဖြစ်ပြီး ယခုရာသီတွင်အသင်းအတွက် ပြိုင်ပွဲစုံ (၃၇)ပွဲကစားရာ၌ (၁၀)ဂိုးအ ထိသွင်းယူကာ ဂိုးဖန်တီးမှု (၇)ကြိမ်ပြုလုပ်ထားနိုင်ခဲ့သည်။ ဒမ်ဘီလီနှင့်ဘာစီလိုနာအသင်းတို့၏ လက်ရှိစာချုပ်မှာ လာမည့် ၂၀၂၂ နွေရာသီတွင်ကုန်ဆုံးမည်ဖြစ်သည်။

Most Read

Most Recent