လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်နိုင်ရန် ပြင်ဆင်နေဟု One Championship နှင့် တွေ့ဆုံမှုတွင် အောင်လအန်ဆန် ပြောကြား

လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်နိုင်ရန် ပြင်ဆင်နေဟု One Championship နှင့် တွေ့ဆုံမှုတွင် အောင်လအန်ဆန် ပြောကြား
Photo: One Championship
Photo: One Championship
Published 4 April 2021

 

မြန်မာ MMA ကစားသမား အောင်လအန် ဆန်က ဧပြီ (၂၈)ရက်တွင်ထိုးသတ်ရမည့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲတွင် အနိုင်ရရန် ပြင်ဆင်နေကြောင်း One Championship နှင့်တွေ့ဆုံမှုတွင် ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်တွင် ONE လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်လာသည့် အောင်လအန်ဆန် သည် (၃)နှစ်ကျော်ကာလအတွင်း ဒုတိယမြောက် ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ရခြင်းဖြစ်သည်။ " ဒီပွဲ (လိုက်ဟဲဗီးဝိတ်တန်း) အတွက် ပြင်ဆင်မှုတွေ သေချာပြုလုပ်နေပါတယ်။ လေ့ကျင့်တယ်၊ အင်အား ပြည့်အောင်စားတယ်၊ အနားယူတယ်။ လေ့ကျင့်မှု စဉ်ဆက်မပြတ်ပြုလုပ်နေပါတယ်။ ဒီပွဲမှာ အ ကောင်းဆုံးရည်မှန်းချက်ထား ယှဉ်ပြိုင်မှာဖြစ်ပြီး  ရည်မှန်းချက်အတိုင်းဖြစ်လာအောင်လည်း ကြိုးစား နေပါ တယ်။ ကျွန်တော်နဲ့ထိုးသတ်ရမယ့် ဘစ်ဒက်ရှ် က ကစားသမားကောင်းပါ။ ဒီအတောအတွင်း သူဘယ်လောက်တိုးတက်လာမလဲဆိုတာတော့ မပြောနိုင်သေးပါဘူး။ ဒါပေမဲ့ သူ့ကို အကောင်းဆုံး တုံ့ပြန်နိုင်ဖို့တော့ ကျွန်တော်ပြင်ဆင်နေပါတယ်။ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ကာကွယ် နိုင်အောင် ဒီပွဲကို အနိုင်ထိုးသတ်သွားမှာပါ" ဟု အောင်လအန်ဆန်က ပြောကြားခဲ့သည်။ 

ONE လိုက်ဟဲဗီးဝိတ်တန်းတွင် ပြိုင်ဘက်ကစားသမား နည်းပါးသောကြောင့် အောင်လအန်ဆန်အနေဖြင့် ချန်ပီယံဖြစ်ပြီး တစ်နှစ်ခွဲကျော်ကြာမှသာ ပထမ ဆုံးချန်ပီယံကာကွယ်ပွဲထိုးသတ်ခဲ့ရပြီး ဖိလစ်ပိုင် နိုင်ငံသား ဘရန်ဒန်ဗီရာနှင့် ၂၀၁၉ ခုနှစ် အောက်တို ဘာတွင် ထိုးသတ်ခဲ့ခြင်းဖြစ်သည်။ အောင်လအန် ဆန်သည် ယင်းပွဲတွင် ဗီရာကိုဒုတိယအချီတွင် အနိုင်ယူပြီး ချန်ပီယံဆုကာကွယ်နိုင်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အောင်လအန်ဆန်အနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် တစ်ပွဲ သာထိုးသတ်ခဲ့ရပြီး ယခုထိုးသတ်မည့် ဗစ်တာလီ ဘစ်ဒက်ရှ်နှင့်ပွဲမှာ ယခုနှစ်တွင် ပထမဆုံးထိုးသတ် ရမည့်ပြိုင်ပွဲလည်းဖြစ်သည်။ အောင်လအန်ဆန် သည် ပြီးခဲ့သည့်နှစ်တွင် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနှင့် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံကာကွယ် ပွဲတစ်ပွဲသာထိုးသတ်ခဲ့ရပြီး ယင်းပွဲတွင် အရေးနိမ့် ခဲ့သဖြင့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့့ချန်ပီယံဆုအား လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။

အောင်လအန်ဆန် သည် ယခင်က One Championship ၏ ၀ိတ် တန်း (၂)ခု ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့သော်လည်း မစ်ဒယ်ဝိတ်တန်းချန်ပီယံဆုအား လက်လွှတ်ခဲ့ရ သောကြောင့် ကျန်ရှိသည့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုအား ကာကွယ်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။ အောင်လအန်ဆန်နှင့် ဘစ်ဒက်ရှ် သည် ၂၀၁၇ ခုနှစ်က မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲတွင် (၂)ကြိမ်တွေ့ဆုံဖူးပြီး (၁)ကြိမ်စီ အနိုင်ရထားသည်။

One Championship သည် ဧပြီလအတွင်း ကျင်းပမည့်ပြိုင်ပွဲများကို အမေရိကန်ပရိသတ်များ အတွက် ရည်ရွယ်ကျင်းပမည်ဖြစ်ပြီး ဧပြီ (၇၊ ၁၄၊ ၂၁၊ ၂၈)ရက်တွင် ပြုလုပ်သွားမည်ဖြစ်သည်။ ထို့ ကြောင့် အောင်လအန်ဆန်နှင့် ဘစ်ဒက်ရှ်တို့ ထိုး သတ်မည့်ပွဲကို မြန်မာနိုင်ငံအပါအဝင် အရှေ့တောင် အာရှနိုင်ငံများအနေဖြင့် မြန်မာစံတော်ချိန် ဧပြီ (၂၉)ရက်နံနက်အစောပိုင်းမှသာ ကြည့်ရှုနိုင်မည် ဖြစ်သည်။ One Championship သည် ဧပြီလ အတွင်းပြုလုပ်မည့်ပြိုင်ပွဲအများစုတွင် ကမ္ဘာ့ချန်ပီ ယံလုပွဲများနှင့် နာမည်ကြီးကစားသမားများ၏ တွဲ ဆိုင်းအများစုကို ထည့်သွင်းကျင်းပရန် စီစဉ်ထား ခြင်းဖြစ်သည်။

Most Read

Most Recent