ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ဘာစီလိုနာဥက္ကဋ္ဌဟောင်း ဘာတိုမူနှင့် အကြံပေးဟောင်း အာမခံရရှိ

ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ဘာစီလိုနာဥက္ကဋ္ဌဟောင်း ဘာတိုမူနှင့် အကြံပေးဟောင်း အာမခံရရှိ
Photo: Getty Images
Photo: Getty Images
Published 4 March 2021

ကတ်တလန်ပြည်နယ်ရဲတပ်ဖွဲ့၏ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည့် ဘာစီလိုနာအသင်းဥက္ကဋ္ဌဟောင်း ဘာတိုမူနှင့် သူ၏အကြံပေးဟောင်းဖြစ်သူ မက်စ်ဖာရာသည် မတ်လ (၂) ရက်က အာမခံဖြင့် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

    

၎င်းတို့နှစ်ဦးအပါအဝင် ဘာစီလိုနာအသင်း၏ CEO ဖြစ်သူ အော်စကာဂရူနှင့်  ဥပဒေရေးရာအကြီးအကဲ ရိုမန်ဂိုးမက်ဇ်တို့လည်း မတ်လ (၁)ရက်က ဖမ်းဆီးထိန်းသိမ်းခံရမှုတွင် ပါဝင်ခဲ့သည်။ 

ကတ်တလန်ရဲတပ်ဖွဲ့သည် ယင်းနေ့၌ပင် နူးကမ့်ကွင်းနှင့် ဘာတိုမူ၏နေအိမ်များကို ရှာဖွေစီးနင်းမှုများ ပြုလုပ်ခဲ့ကြသည်။ 

ဘာတိုမူသည် အသင်းပိုင်ငွေကြေးများကိုအသုံးပြုကာ သူ၏ပုံရိပ်မြင့်တက်ရန်နှင့် ပြိုင်ဘက်များအား သိက္ခာချရန်အတွက် လော်ဘီကုမ္ပဏီများကို ငှားရမ်းအသုံးပြုခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ 

ယင်းသတင်းများ ထွက်ပေါ်ခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း ရဲတပ်ဖွဲ့အနေဖြင့် ယခုမှ ရှောင်တခင် ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။ 

ဘာတိုမူကမူ ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ခဲ့ချိန်တွင် အသင်း၏အနာဂတ်အတွက် ဆောင်ရွက်ခဲ့ရာ၌ အမှားအယွင်းအချို့ရှိခဲ့သော်လည်း ၎င်းအနေဖြင့် ယင်းကိစ္စတွင် ပါဝင်ပတ်သက်မှုမရှိဟု ငြင်းဆိုခဲ့သည်။ 

သို့ရာတွင် ဘာစီလိုနာအသင်းပရိသတ်တော်တော်များများသည် ယင်းကဲ့သို့ လုပ်ရပ်များကို ဘာတိုမူ ကျူးလွန်ခဲ့သည်မှာ သေချာသည်ဟု ယုံကြည်နေကြပြီး၊ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ကုမ္ပဏီများ၏အမည်ကိုလည်း စုံစမ်းဖော်ထုတ်မှုများ ပြုလုပ်ခဲ့ကြသည်။

Most Read

Most Recent