ဆာလာကို ရီးယဲလ် မခေါ်ယူနိုင်ဟု ရီးယဲလ်အသင်း ဥက္ကဋ္ဌဟောင်း ကယ်လ်ဒါရွန် ဆို

ဆာလာကို ရီးယဲလ် မခေါ်ယူနိုင်ဟု ရီးယဲလ်အသင်း ဥက္ကဋ္ဌဟောင်း ကယ်လ်ဒါရွန် ဆို
Photo: Getty Images
Photo: Getty Images
Published 3 March 2021

 

ရီးယဲလ်အသင်း၏ ဥက္ကဋ္ဌဟောင်း ကယ်လ်ဒါရွန်က လီဗာပူးလ်အသင်းအနေဖြင့် ၎င်းတို့၏ တိုက်စစ်ကစားသမား ဆာလာအား စပိန်ထိပ်သီးအသင်းများ ခေါ်ယူသွားမည်ကို စိုးရိမ်စရာမလိုကြောင်းနှင့် ဘဏ္ဍာရေးအခြေအနေအရ ရီးယဲလ်အသင်းသည် ဆာလာကို ခေါ်ယူနိုင်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ 

ကယ်လ်ဒါရွန်က "ဆာလာဟာ အနာဂတ်မှာ ပိုကောင်းလာဦးမယ့် ကစားသမားပါ။ ဒါကြောင့် အသင်းတိုင်းက သူ့ကို ခေါ်ယူချင်နေကြပြီး ဒီအထဲမှာ ရီးယဲလ် လည်း ပါဝင်နေပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဆာလာကို ခေါ်ယူနိုင်ဖို့ ရီးယဲလ်မှာ ငွေကြေးအင်အားမရှိဘူးလို့ ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။

ဆာလာသည် လီဗာပူးလ်အသင်းအတွက် ယခုရာသီအတွင်း ပရီးမီးယားလိဂ်ပွဲစဉ် ၂၅ ပွဲကစားထားပြီး ၁၇ ဂိုးသွင်းယူပေးထားသည်။

 



 

Most Read

Most Recent