ပုံမှန်ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ရန် အေဘရာဟမ်ကို တူဟယ်လ် တိုက်တွန်း

ပုံမှန်ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ရန် အေဘရာဟမ်ကို တူဟယ်လ် တိုက်တွန်း
Photo: Getty Images
Photo: Getty Images
Published 2 March 2021

ချယ်လ်ဆီးနည်းပြ တူဟယ်လ်က လူငယ်တိုက်စစ်မှူး အေဘရာဟမ်ကို ပုံမှန်ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။ 

အေဘရာဟမ်သည် နည်းပြ တူဟယ်လ်လက်အောက်တွင် ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေသူဖြစ်ပြီး မန်ယူအသင်းနှင့် သရေကျသည့်ပွဲတွင်လည်း ပါဝင်ခွင့်ပင် မရခဲ့ပေ။ 

ထို့ကြောင့် အသက် (၂၃)နှစ်အရွယ်ရှိ အင်္ဂလန်တိုက်စစ်မှူး အေဘရာဟမ်သည် လက်ရှိအခြေအနေကို စိတ်ပျက်နေပြီး အသင်းမှထွက်ခွာဖွယ်ရှိနေသည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။ 

တူဟယ်လ်က "အေဘရာဟမ်အနေနဲ့ အသင်းလူစာရင်းမှာပါဝင်ဖို့ နေရာလုတိုက်ပွဲ ဆင်နွှဲရမယ်လို့ပဲ ပြောချင်ပါတယ်။ ဒါဟာ ပုံမှန်အခြေအနေပါပဲ။ သူ လုပ်ဆောင်လိမ့်မယ်လို့လည်း ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

အေဘရာဟမ်သည် ယခုရာသီတွင် ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲ (၃၀)တွင် (၁၂)ဂိုး သွင်းယူထားသည်။ 

Most Read

Most Recent