သောမတ်စ်မူလာနှင့် ဟမ်းမဲလ်တို့ကို ပြန်လည်ရွေးချယ်ရန် ဂျာမနီနည်းပြ စီစဉ်

သောမတ်စ်မူလာနှင့် ဟမ်းမဲလ်တို့ကို ပြန်လည်ရွေးချယ်ရန် ဂျာမနီနည်းပြ စီစဉ်
Photo: Getty Images
Photo: Getty Images
Published 2 March 2021

ဂျာမနီလက်ရွေးစင်အသင်း၏ နည်းပြ ယော်ကင်လိုးသည် ၀ါရင့်ကစားသမားများဖြစ်သည့် သောမတ်စ်မူလာနှင့် ဟမ်းမဲလ်တို့ကို ဂျာမနီအသင်းအတွက် ပြန်လည်ရွေးချယ်ရန် စီစဉ်နေကြောင်း သိရသည်။

    

ဂျာမနီလက်ရွေးစင်အသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကျရှုံးမှုနှင့် ကြုံတွေ့ခဲ့ရပြီးနောက် နည်းပြ ယော်ကင်လိုးက အသင်းကို အပြောင်းအလဲများပြုလုပ်ခဲ့ပြီး သောမတ်စ်မူလာ၊ ဟမ်းမဲလ်နှင့် ဘိုတန်တို့ကို လူစာရင်းမှ ဖယ်ရှားပစ်ခဲ့သည်။ 

ယော်ကင်လိုးသည် ၂၀၁၉ ခုနှစ် မတ်လအတွင်း၌ အဆိုပါ ကစားသမား(၃)ဦးမှာ မိမိ၏ အနာဂတ်အစီအစဉ်များတွင် ပါဝင်ခြင်းမရှိတော့ကြောင်းလည်း တရားဝင်ထုတ်ဖော်ပြောကြားခဲ့သည်။ 

သို့သော် ယခုအခါ ယူရို-၂၀၂၀ ပြိုင်ပွဲအတွက် သောမတ်စ်မူလာနှင့် ဟမ်းမဲလ်တို့ကို ပြန်လည်ရွေးချယ်ရန် ဆန္ဒရှိနေကြောင်း ဂျာမန်မီဒီယာများက ဖော်ပြခဲ့သည်။ 

ယင်းကစားသမားနှစ်ဦးသည် လက်ရှိအချိန်တွင် သက်ဆိုင်ရာကလပ်အသင်းများ၌ ခြေစွမ်းပြနေကြသလို၊ သောမတ်စ်မူလာက လက်ရွေးစင်အသင်းအ တွက် ပွဲ(၁၀၀)၊ ဟမ်းမဲလ်က ပွဲ(၇၀)ကစားပေးထားကြောင်းလည်း သိရသည်။

Most Read

Most Recent