ရှက်ဖီးယူနိုက်တက်နှင့် ကစားမည့်ပွဲကို ဂရီးလစ်ရှ် လွဲချော်မည်

ရှက်ဖီးယူနိုက်တက်နှင့် ကစားမည့်ပွဲကို ဂရီးလစ်ရှ် လွဲချော်မည်
Published 2 March 2021

အက်စတွန်ဗီလာကွင်းလယ်လူ ဂရီးလစ်ရှ်သည် ရှက်ဖီးယူနိုက်တက်အသင်းနှင့်ကစားမည့်ပွဲကို လွဲချော်မည်ဖြစ်ကြောင်း သိရှိရသည်။ 

အသက် (၂၅)နှစ်အရွယ်ရှိ အင်္ဂလန်ကွင်းလယ်လူ ဂရီးလစ်ရှ်သည် လေ့ကျင့်ရေးကွင်းတွင် ရရှိသည့် ခြေထောက်ဒဏ်ရာကြောင့် ဖေဖော်ဝါရီ (၂၁)ရက်က ကစားခဲ့သည့် လက်စတာ၊ ဖေဖော်ဝါရီ (၂၈)ရက်က ကစားခဲ့သည့် လိဒ်စ်နှင့်ပွဲတို့ကို လွဲချော်ခဲ့ရသည်။ 

ဂရီးလစ်ရှ်၏ ဒဏ်ရာအခြေအနေမှာ သက်သာလာပြီးဖြစ်သော်လည်း မတ်လ (၃)ရက်တွင် ကစားမည့် ရှက်ဖီးယူနိုက်တက်နှင့်ပွဲတွင် ပါဝင်နိုင်ဦးမည်မဟုတ်ကြောင်း ဒင်းန်စမစ်က ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဒင်းန်စမစ်က "ရှက်ဖီးယူနိုက်တက်နဲ့ ကစားမယ့်ပွဲအတွက် ဂရီးလစ်ရှ် အသင့်မဖြစ်သေးပါဘူး။ သူဟာ အသင်းဆရာဝန်တွေနဲ့အတူ လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။ သူက ထိပ်တန်းကစားသမားဖြစ်ပြီး သူ မကစားနိုင်တဲ့အတွက် ကျွန်တော်တို့ စိတ်ပျက်ရပါတယ်။ ဂရီးလစ်ရှ်အနေနဲ့ မတ်လ (၇)ရက်နေ့ ကစားမယ့် ဝုလ်ဗ်နဲ့ပွဲမှာ ပါဝင်ကစားနိုင်မယ်လို့ ထင်ပါတယ်"ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဂရီးလစ်ရှ်သည် ယခုရာသီတွင် အက်စတွန်ဗီလာအသင်းသည် ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ (၂၁)ပွဲတွင် (၇)ဂိုး သွင်းယူထားသည်။ 

Most Read

Most Recent