မီလန်ဒါဘီတွင် ဂိုးသွင်းယူခဲ့ပြီးနောက် မိမိကိုယ်မိမိ "နတ်ဘုရား" ဟု တင်စားပြီး အီဘရာဟီမိုဗစ်ကို လူကာကူ လှောင်ပြောင်

မီလန်ဒါဘီတွင် ဂိုးသွင်းယူခဲ့ပြီးနောက် မိမိကိုယ်မိမိ "နတ်ဘုရား" ဟု တင်စားပြီး အီဘရာဟီမိုဗစ်ကို လူကာကူ လှောင်ပြောင်
Photos: Getty Image
Photos: Getty Image
Published 22 February 2021

အင်တာမီလန်အသင်း၏ တိုက်စစ်မှူး လူကာကူသည် အေစီမီလန်အသင်းကို (၃-ဝ) ဂိုးဖြင့်အနိုင်ရရှိခဲ့သည့်ပွဲတွင် အသင်းအတွက် ဂိုးသွင်းယူခဲ့ပြီးနောက် အောင်ပွဲခံရာတွင် သူ့ကိုယ်သူ "နတ်ဘုရား" ဟု တင်စားခေါ်ဆိုခဲ့ပြီး၊ အေစီမီလန်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ကို လှောင်ပြောင်ခဲ့ကြောင်း သိရှိရသည်။

လူကာကူနှင့် အီဘရာဟီမိုဗစ်တို့သည် ပြီးခဲ့သည့်လအတွင်း ကစားခဲ့သည့် ကိုပါအီတာလီယာဖလား၊ ကွာတားဖိုင်နယ်ပွဲစဉ်တွင် အကြီးအကျယ် အချင်းများခဲ့ကြပြီး၊ ထိုအချိန်က အီဘရာဟီမိုဗစ်သည် လူကာကူအား ကြမ်းတမ်းသည့် လှောင်ပြောင်ပြောဆိုမှုများပြုလုပ်ခဲ့သည်။

၎င်းတို့ နှစ်ဦးသည် မန်ယူအသင်းတွင် အတူကစားခဲ့ကြဖူးပြီး၊ အီဘရာဟီမိုဗစ်က အင်တာဗျူးတစ်ခုတွင် လူကာကူ၏ ဘောလုံးအထိန်းအသိမ်း၊ ဘောလုံးဦးနှောက်တို့နှင့်ပတ်သက်ပြီး ဝေဖန်မှုများလည်း ပြုလုပ်ခဲ့ဖူးကြောင်းလည်း သိရှိရသည်။

ယခု အင်တာမီလန်အသင်းက အနိုင်ရခဲ့သည့်ပွဲတွင်မူ လူကာကူသည် ဂိုးသွင်းယူခဲ့ပြီးနောက် "God" ဟု သူ့ကိုယ်သူ လက်ညှိုးညွန်ကာ ဆိုခဲ့ခြင်းဖြစ်ပြီး အီဘရာဟီမိုဗစ်ကို ရည်ရွယ်လှောင်ပြောင်ခဲ့ခြင်းလည်းဖြစ်သည်။

အီဘရာဟီမိုဗစ်သည် မကြာသေးမီက "မီလန်မြို့မှာ ဘယ်တုန်းကမှ ဘုရင်မရှိခဲ့ဖူးဘူး။ အခုတော့ နတ်ဘုရား တစ်ပါးကို ပိုင်ဆိုင်ထားပါပြီ" ဟု ပြောခဲ့ဖူးခြင်းအပေါ် လှောင်ပြောင်ခဲ့ခြင်းလည်းဖြစ်သည်။

Most Read

Most Recent